အားလုံးပဲ မင်္ဂလာပါ။ မျက်နှာကို Massage နှိပ်နယ်ပေးတာက ပျိုမေတွေအတွက် အသုံးဝင်တဲ့နည်းလမ်းတစ်ခုပါ။ မျက်နှာကို နှိပ်နယ်ပေးတာကြောင့် အကြောတွေ ပြေလျော့သွားစေပြီး သွေးလည်ပတ်မှုကောင်းမွန်စေပါတယ်။ အကြောဖြေလျော့ပေးရာရောက်တာကြောင့် အသားအရေ တင်းရင်းလာပါလိမ့်မယ်။ သင်က ငယ်ရွယ်နုပျိုတဲ့မျက်နှာကို ပိုင်ဆိုင်ချင်တယ်ဆိုရင်တော့ Facial Massage ကိုပုံမှန်လုပ်ပေးသင့်ပါတယ်။ ဒီတော့ ပြုလုပ်နည်းတွေကို ကြည့်လိုက်ရအောင်နော်-
၁။ လည်ပင်းအတွက်
ဒါကိုတော့ အခါ ၂၀ ကနေ ၃၀ ထိ ပုံထဲအတိုင်းပြုလုပ်သွားရမှာပါ။
၂။ မေးကြောအတွက်
ဒါကို ပုံထဲကအတိုင်း ကိရိယာမသုံးဘဲ ကိုယ့်လက်နဲ့ ပြုလုပ်နိုင်ပါတယ်။ လက်နှစ်ဘက်ကို သုံးပြီး အောက်ကနေအပေါ်ကို ပုံထဲက Direction လိုမျိုး ပွတ်ဆွဲသွားပေးပါ။ တစ်ဘက်စီကို အခါ ၂၀ ပြုလုပ်ပေးပါ။
၃။ ပါးရိုးအတွက်
လက်ညိုးကို ကွေးပြီး ပါးရိုးကို ပုံထဲကအတိုင်း ဝိုက်ပြီး သွားပေးပါ။ ပါးနီခြယ်တဲ့ပုံစံအတိုင်းပါပဲ။ ဒါကို စက္ကန့် ၂၀ လုပ်ပေးရပါမယ်။
၄။ မျက်လုံးအောက်အတွက်
လက်ညိုးကိုသုံးပြီး မျက်လုံးအောက်ကနေ အပေါ်ကို ဖိသွားပေးပါ။ အားမသုံးဘဲ အသာလေး ဖိသွားပေးပါ။ ဒါကို အခါ ၃၀ ပြုလုပ်ပေးပါ။
၅။ နဖူးအတွက်
နဖူးကို လက်နှစ်ဘက်သုံးပြီး နှိပ်နယ်ပေးပါ။ ဒါကိုအခါနှစ်ဆယ်ပြုလုပ်ပေးပါ။
By MyStyle Myanmar