Eyeliner ဆိုးရတာ ကြိုက်ကြလားရှင့်။ တချို့က လိုင်နာကို ကြိုက်ပေမယ့် မဆိုးတတ်လို့ မဆိုးကြတာရှိပါတယ်။ လိုင်နာဆိုးလိုက်မယ်ဆိုရင် သင့်ရဲ့ ရုပ်သွင်ပြင်ကိုလည်း တမျိုးလေး ပြောင်းလဲသွားစေပါတယ်။ အဲဒီအတွက် လိုင်နာဆိုးနည်း (၅) မျိုးကို မျှဝေပေးပါမယ်။

Mascara ကို လိုင်နာလိုပဲသုံးနိုင်ပါတယ်

Mascara ဆိုးနေတဲ့အချိန်မှာ မျက်ခွံအတွင်းဖက်နားကို ထိအောင် ဆိုးပေးလိုက်လို့ရပါတယ်။ Mascara ကို မျက်တောင်မွှေးအမြစ်နားမှာ ခပ်ကြာကြာလေး ကိုင်ထားလိုက်ပါ။

လိုင်နာအရည်မဆိုးတတ်ရင် ခဲတံလိုလိုင်နာအခြောက်နဲ့ အရင်ဆိုးကြည့်ပါ

လိုင်နာအရည်က ဆိုးရခက်ပါတယ်။ ဒါ့ကြောင့် လိုင်နာအရည်မဆိုးတတ်ရင် ခဲတံလိုမျိုး လိုင်နာအခြောက်နဲ့ အရင်ဆိုးကြည့်ပါ။ နောက်မှာ အကျင့်သားရသွားရင် လိုင်နာအရည်ကို သုံးနိုင်ပါတယ်။

လိုင်နာဆိုးတာ ပေသွားရင် Primer ကိုသုံးပြီး ဖျက်လိုက်ပါ

မိတ်ကပ်မလိမ်းခင်မှာသုံးတဲ့ Primer ကို လိုင်နာဆိုးလို့ ပေသွားတဲ့နေရာမှာ တို့လိမ်းပြီး ဖျက်ပေးလိုက်ပါ။

လိုင်နာနဲ့ Eyeshadow ကိုလိုက်ဖက်အောင်ဆိုးပါ

လိုင်နာသတ်သတ် Eyeshadow အရေင်သတ်သတ်မဟုတ်ဘဲ  Shadow အရောင်အတိုင်း လိုင်နာဆိုးလို့ရပါတယ်။

လိုင်နာဆိုးတာ ပုံကျစေဖို့ မျက်လုံးဆင်းပြီး ဆိုးပါ

လိုင်နာဆိုးတဲ့အခါ မျက်လုံးကို အောက်ဖက်ငိုက်ဆင်းထားပြီး ဆိုးပေးပါ။