ဝိတ်ကျချင်ပေမယ့် လေ့ကျင့်ခန်းအများကြီး မလုပ်ချင်တဲ့သူအတွက် ဝိတ်ကျစေမယ့် လေ့ကျင့်ခန်း ၅ မျိုးကို မျှဝေပေးလိုက်ပါတယ်။ တစ်နေ့ ၂ ကြိမ်နဲ့ ဒီလေ့ကျင့်ခန်း ၅ မျိုးကို သေချာလုပ်ပေးရုံနဲ့တင် ဝိတ်ကျလာစေမှာပါ။ ဒါကြောင့် စိတ်ရှည်ရှည်နဲ့ သေချာလုပ်ပေးဖို့ပဲလိုပါတယ်။ လေ့ကျင့်ခန်းတစ်ခုနဲ့တစ်ခုကြားမှာ စက္ကန့် ၃၀ ပဲခြားပြီးလုပ်တာ ပိုကောင်းပါတယ်။

Burpees

ပုံမှာလုပ်ပြထားတဲ့ ပုံစံ ၄ မျိုးကို လုပ်ရမှာဖြစ်ပါတယ်။ ၄ မျိုးလုံးပြည့်မှ ၁ ကြိမ်လို့သတ်မှတ်ရပါမယ်။ အဲ့အတိုင်း ဆက်တိုက် ၁၀ ကြိမ်လုပ်ပေးရမှာ ဖြစ်ပါတယ်။

Deadlifts

Deadlifts လေ့ကျင့်ခန်းကိုလည်း ပုံမှာလုပ်ပြထားတဲ့အတိုင်း ဆက်တိုက် ၁၀ ကြိမ်လောက်လုပ်ပေးရင် ရပါပြီ။

Squats

Squats ထိုင်တဲ့အခါမှာလည်း ပုံမှာလုပ်ပြထားတဲ့အတိုင်း သေချာတူအောင်လုပ်ပေးပါ။ ဆက်တိုက် အကြိမ် ၂၀ လုပ်ရပါမယ်။

Push-ups

ပုံမှာလုပ်ပြထားတဲ့ အနေအထားနဲ့ Push-ups လုပ်တဲ့အခါမှာ ၁ မိနစ်ရအောင် နေပေးပါ။ နောက်ပိုင်း နေနိုင်လာတဲ့အခါ ၁ မိနစ်ထက်ပိုပြီး နေပေးလည်း ရပါတယ်။ ကြာလေ အဆီပိုကျလေပါပဲ။

Leg raises

ခြေထောက်နှစ်ဖက်ကိုစုပြီး အပေါ်မြှောက်လိုက်၊ ဖြေးဖြေးချင်းစီ ပြန်ချလိုက်နဲ့ အနည်းဆုံး ၁၅ ကြိမ်လုပ်ပေးရမှာပဲ ဖြစ်ပါတယ်။

လေ့ကျင့်ခန်း ၅ မျိုးလုံး လုပ်ပြီးသွားပြီဆိုရင် နောက်တစ်ကြိမ် အဲ့အတိုင်း ထပ်လုပ်ပေးရပါမယ်။ ဆက်တိုက်မလုပ်နိုင်လည်း မနက်တစ်ကြိမ်၊ ညတစ်ကြိမ် လုပ်ပေးလို့ရပါတယ်။