ငယ်ရွယ်နုပျိုတဲ့ အသားအရေလိုချင်ရင် မျက်နှာကို ဈေးကြီးတဲ့ Skin Care တွေသုံးပေးရုံနဲ့ မလုံလောက်ပါဘူး ။ မျက်နှာနဲ့ပတ်သက်တဲ့ လေ့ကျင့်ခန်းလုပ်ပေးဖို့လည်း လိုပါတယ်။ အသားအရေထိန်းသိမ်းဖို့အတွက်ဆို တစ်နေ့ကို ၁၅ မိနစ်ကနေ မိနစ် ၂၀ အထိ လုပ်ပေးပါ။

The Cheek Lifter

အရင်ဆုံး ပါးစပ်ကို O ပုံစံလုပ်ပါ။ ပြီးရင် ပါးကကြွက်သားတွေကို ပင့်တင်ဖို့ ပြုံးလိုက်ပါ။ လက်နဲ့ အပေါ်ကို တွန်းတင်ပေးပါ။ ပြီးရင် ပါးကို အောက်ပြန်ချပါ။ တစ်ခါလုပ် ၁၀ ကြိမ်နဲ့ ၃ ကျော့လုပ်ပေးပါ။

Happy Cheeks Sculpting

နှုတ်ခမ်းကို တင်းတင်းဆေ့ပြီး ကြွက်သားတွေတင်းတဲ့အထိ ပြုံးလိုက်ပါ။ လက်ညိုးနဲ့ ပါးစပ်ထောင့်ကိုဖိပြီး ကြွက်သားများကို ပါးရိုးအထိ၊ မျက်လုံးထောင့်များဆီ ပင့်တင်ပြီးရင် စက္ကန့် 20 လောက် ဖိထားလိုက်ပါ။ သုံးကြိမ်လုပ်ပေးပါ။

The Eyebrow Lifter

မျက်ခုံးတစ်ဖက်စီရဲ့အောက်ကို လက်ချောင်းထိပ်သုံးချောင်းနဲ့နှိပ်ရင်း မျက်လုံးကိုဖွင့်ပါ။ လက်ချောင်းတွေနဲ့ မျက်ခုံးမွှေးတွေကိုနှိပ်ရင်း ပြုံးပါ။ စက္ကန့် 20 လောက်ထားပြီး ပြုံးနေလိုက်ပါ။ သုံးကြိမ်လောက် လုပ်ပေးပါ။

Jaw and Neck Firmer

ပါးစပ်ကိုဖွင့်ပြီး “အာ” အသံထွက်ပါ။ ပြီးရင် အောက်နှုတ်ခမ်းကို အပေါ်နှုတ်ခမ်းနဲ့ တင်းတင်းဖိပြီး အောက်မေးရိုးကို ရှေ့ကို ဆန့်ထုတ်လိုက်ပါ။ ပါးစပ်ကို ပိတ်လိုက်ဖွင့်လိုက်နဲ့ ခေါင်းကို နောက်သို့လှန်လိုက်တိုင်း မေးစေ့ကို 1 လက်မလောက် အပေါ်ကိုဆွဲတင်ပါ။ ဒီအနေအထားကို စက္ကန့် 20 လောက်ထားပေးပါ။ သုံးကြိမ်လောက် လုပ်ပေးပါ။