ယနေ့ခေတ်မှာ ၅၄ ရာခိုင်နှုန်းသော လူသားများက ခါးနာခြင်း၊ ကျောအောင့်ခြင်းဝေဒနာကို ခံစားနေကြရပါတယ်။ လေ့ကျင့်ခန်းမပြုလုပ်လို့ ဒီလိုခံစားရတာဖြစ်သလို ကာယအလုပ် လုပ်ရတဲ့အခါမှာလည်း ခံစားရနိုင်ပါတယ်။

ဒါဆိုရင် ခါးနာသက်သာအောင် အခုဖော်ပြပေးမယ့် လေ့ကျင့်ခန်း ၄ မျိုးကို ပြုလုပ်ပေးလိုက်ပါ။

လေ့ကျင့်ခန်း ၁

ပထမဆုံး ကျောကိုလှဲချလိုက်ပါ။ ခြေထောက်တစ်ဖက်ကို ကွေးထားပြီး ကျန်တစ်ဖက်ကို တစ်ဖြောင့်တည်းဖြစ်အောင် ထောင်ထားလိုက်ပါ။ သတိထားရမှာကတော့ ကြမ်းပြင်နဲ့ ကျောနဲ့ ထိကပ်ထားရပါမယ်။ ဆယ်စက္ကန့်လောက် လက်နဲ့ဆွဲမထားပြီး ကျန်တစ်ဖက်ကိုလည်း အဲ့ဒီအတိုင်းပြုလုပ်ပေးပါ။ ဘယ်တစ်ဖက်၊ ညာတစ်ဖက်လုပ်ပြီးရင် နောက်တစ်ကြော့ပြန်လုပ်ပေးပါ။

လေ့ကျင့်ခန်း ၂

လှဲချလိုက်ပါ။ ခြေထောက်နှစ်ဖက်စလုံးကို ကွေးထားပြီး ရင်ဘတ်အထိရောက်အောင် လက်နှစ်ဖက်နဲ့ ဆွဲတင်လိုက်ပါ။ မိနစ်နှစ်ဆယ်ခန့်ကို နှစ်ကြိမ်ပြုလုပ်ပေးပါ။

လေ့ကျင့်ခန်း ၃

ဒီလေ့ကျင့်ခန်းကတော့ လေ့ကျင့်ခန်း ၂ နဲ့ ဆင်တူပါတယ်။ ခြေထောက်တစ်ဖက်ကို ဆန့်တန်းထားပြီး ကျန်တစ်ဖက်ကိုတော့ ကွေးညွှတ်ထားကာ ရင်ဘတ်ထိရောက်အောင် လက်နှစ်ဖက်နဲ့ ဆွဲတင်လိုက်ပါ။ တစ်ဖက်ကို မိနစ် ၂၀ ခန့် တောင့်ထားပြီး နှစ်ကြိမ်စီပြုလုပ်ပေးပါ။

လေ့ကျင့်ခန်း ၄

မတ်မတ်ရပ်အနေအထားအတိုင်းနေပါ။ ညာခြေကို ရှေ့ထုတ်ထားပြီး ဘယ်ခြေကို နောက်ဆုတ်ထားပါ။ ဘယ်ဒူးခေါင်းကို ကြမ်းပြင်နဲ့ ထိကပ်ထားပါ။ ရှေ့ထုတ်ထားတဲ့ ညာခြေထောက်ကို ကွေးထားပြီး ခန္ဓာကိုယ်ကိုထိန်းထားပါ။ တစ်ဖက်ကို မိနစ်သုံးဆယ်ခန့်စီ နှစ်ကြိမ်ပြုလုပ်ပေးပါ။

လေ့ကျင့်ခန်း ၅

မတ်မတ်ရပ်အနေအထားအတိုင်းနေပါ။ ညာခြေထောက်တစ်ဖက်တည်းအသုံးပြုပြီး မတ်မတ်ရပ်ပါ။ ဘယ်ခြေထောက်ကို ညာလက်အသုံးပြုပြီး တင်ပါးနဲ့ ထိကပ်ပေးပါ (ညာဘက်တစ်ဖက်တည်းနဲ့ အားမသန်ပါက လက်နှစ်ဖက်စလုံး အသုံးပြုနိုင်ပါတယ်)။ အဲ့ဒီအနေအထားအတိုင်း မိနစ် ၃၀ ခန့် ရပ်နေပါ။ တစ်ဖက်ကို မိနစ်သုံးဆယ်ခန့် နှစ်ကြိမ်စီပြုလုပ်ပေးပါ။

Source: Brightside.me