ခန္ဓာကိုယ်ကမဝပဲ လက်မောင်းပဲကြီးနေတာမျိုး ဖြစ်တဲ့သူတွေအတွက် လက်မောင်းတစ်နေရာထဲ အဆီကျပြီး ကျစ်လစ်လာစေမယ့်၊ လက်မောင်းသေးလာစေမယ့် လေ့ကျင့်ခန်းတွေကို မျှဝေပေးလိုက်ပါတယ်။ Weight တုံးတွေသုံးပြီးလုပ်ရတဲ့ လေ့ကျင့်ခန်းတွေဆိုရင်တော့ အဆီကျတာ ပိုမြန်ပါတယ်။ ဒါပေမယ့် အိမ်မှာ အေးအေးဆေးဆေးနဲ့ အလွယ်တကူလုပ်လို့ရအောင် လွယ်ကူတဲ့လေ့ကျင့်ခန်း ၅ ခုကို မျှဝေပေးလိုက်ပါတယ်။ နေ့တိုင်းအချိန်ပေးပြီး ဒီလေ့ကျင့်ခန်း ၅ ခုကိုပဲ သေချာလုပ်မယ်ဆိုရင်တော့ တစ်လအတွင်းမှာ လက်မောင်းအဆီကျလာမှာပါ။

Chair Dips

အနောက်မှာထိုင်ခုံထားပြီး လက်နဲ့ဖိထောက်ထားပါ။ ပြီးရင် လက်ကိုကွေးလိုက်၊ ပြန်ဆန့်လိုက်နဲ့ ပုံမှာလုပ်ပြထားတဲ့အတိုင်း လုပ်ပေးရပါမယ်။ ၁၂ ကြိမ်ဆက်တိုက်လုပ်ပြီး ခဏရပ် ပြီးရင် ထပ်လုပ်ပါ။ အဲ့အတိုင်း တစ်ခါလုပ်ရင် ၁၂ ကြိမ်ဆက်တိုက်လုပ်ပြီး စုစုပေါင်း ၃ ခါ လုပ်ပေးရပါမယ်။

Counter Push-Ups

လက်နှစ်ဖက်ဆန့်ထုတ်လို့ရတဲ့အဆုံးမှာ ခုံကိုထားပြီး ပုံမှာလုပ်ပြထားတဲ့အတိုင်း လုပ်ပေးပါ။ ဒါလည်း ၁၂ ကြိမ်ဆက်တိုက်လုပ်ပြီး ခဏရပ်ပြီးရင် ပြန်လုပ်ရမှာပါ။ တစ်ခါလုပ်ရင် ၁၂ ကြိမ် ဆက်တိုက်လုပ်ပြီး စုစုပေါင်း ၃ ခါ လုပ်ရပါမယ်။

Floor Tricep Dips

ပုံမှာလုပ်ပြထားတဲ့အတိုင်း လက်ကိုနောက်ပြန်ထောက်ပြီး လက်ကိုကွေးလိုက်၊ ပြန်ဆန့်လိုက် လုပ်ရမှာပါ။ ခြေထောက်အနေအထားကိုလည်း ပုံထဲကအတိုင်းပဲ ထားပေးပါ။ အဲ့အတိုင်း တစ်ခါလုပ်ရင် ၁၂ ကြိမ်ဆက်တိုက်လုပ်ပြီး စုစုပေါင်း ၃ ခါ လုပ်ရပါမယ်။

Arm Circles

လက်မောင်းအဆီကျဖို့ဆိုရင် Arm Circles လေ့ကျင့်ခန်းကတော့ မပါမဖြစ်ပါပဲ။ ၁၅ ကြိမ် ဆက်တိုက်လှည့်ပြီး လုပ်ပေးပါ။ ၁၅ ကြိမ်ပြည့်ရင် ခဏရပ် ပြီးရင် ထပ်လုပ်ပါ။ ၁၅ ကြိမ် ၃ ခါလုပ်ရမှာပါ။

Bird Dog

Bird Dog လေ့ကျင့်ခန်းကတော့ ပုံမှာလုပ်ပြထားတဲ့အတိုင်းပဲ လုပ်ရမှာပါ။ ၁၅ ကြိမ်ဆက်တိုက်လုပ်ပြီးရင် လက်နဲ့ခြေထောက်ကို ဘယ်ညာပြောင်းပြီး အဲ့အတိုင်း ၁၅ ကြိမ်လုပ်ပေးပါ။ အဲ့အတိုင်း ဘယ်ညာတစ်လှည့်စီ တစ်ဖက်ကို အကြိမ် ၃၀ စီပြည့်အောင် လုပ်ပေးရင် ရပါပြီ။