တင်မရှိလို့၊ တင်ပြားလို့ စိတ်ညစ်နေတဲ့သူတွေအတွက် တင်ထွက်လာစေဖို့နဲ့ တင်ပါးလုံးဝန်းပြီး လှလာစေဖို့ ထိရောက်မြန်ဆန်တဲ့ လေ့ကျင့်ခန်း ၅ မျိုးကို ဖော်ပြပေးလိုက်ပါတယ်။

လေ့ကျင့်ခန်း ၁

လက်ဖဝါးနှစ်ဖက်နဲ့ ကြမ်းပြင်ကိုထောက်၊ ဒူးတစ်ဖက်ထောက်ပြီး ပုံမှာပြထားတဲ့အတိုင်း နောက်ခြေထောက်တစ်ဖက်ကို အနောက်ဆန့်ကာ အပေါ်နည်းနည်းပင့်လိုက်၊ ဒူးပြန်ကွေးလိုက်နဲ့ အကြိမ် ၂၀ ဆက်တိုက်လုပ်ပေးရပါမယ်။ အကြိမ်ရေပြည့်ရင် နောက်တစ်ဖက်ပြောင်းပြီး အကြိမ် ၂၀ ထပ်လုပ်ပေးပါ။

လေ့ကျင့်ခန်း ၂

ပုံမှာပြထားတဲ့အတိုင်း လက်နှစ်ဖက်ကို အရှေ့ဆန့်ပြီး မတ်တပ်ရပ်ပါ။ ပြီးရင် တစ်ဝက်ထိုင်ပါ။ ပြန်ထပါ။ ပြန်ထိုင်ပါ။ အဲ့အတိုင်း အကြိမ် ၃၀ လုပ်ပေးရပါမယ်။

လေ့ကျင့်ခန်း ၃

ပုံမှာပြထားတဲ့အတိုင်း လက်သီးဆုပ်ထားပြီး ခြေထောက်ကို နည်းနည်းကွေးပြီး နည်းနည်းကားထားပါ။ အဲ့အတိုင်း တစ်ဖက်ကို ခြေထောက်ကျယ်ကျယ်ကားလိုက်ပါ။ ပြီးရင် နည်းနည်းပြန်စု၊ ပြန်ကားနဲ့ ဘယ်ဘက်ကိုရွေ့လိုက်၊ ညာဘက်ကိုရွေ့လိုက် လုပ်ရမှာပါ။ ဘယ်ကို ၁၅ ကြိမ်ရွေ့ပြီးမှ ညာဘက်ကို ၁၅ ကြိမ်ရွေ့ပါ။

လေ့ကျင့်ခန်း ၄

ပုံမှာပြထားတဲ့အတိုင်း လက်နဲ့ ခြေဖဝါး၊ ခေါင်းနဲ့ပခုံးကို ကြမ်းမှာကပ်ထားပြီး ခါး၊ တင်ပါးနဲ့ ပေါင်ကိုပဲ အပေါ်ကော့လိုက်၊ အောက်ပြန်ချလိုက် လုပ်ပေးရမှာပါ။ အကြိမ် ၃၀ လုပ်ပေးရမှာ ဖြစ်ပါတယ်။

လေ့ကျင့်ခန်း ၅

ပုံမှာပြထားတဲ့အတိုင်း ဘယ်ခြေထောက်ကိုကွေး၊ ညာခြေထောက်ကို အနောက်ဘက်ဆန့်ပြီး ဒူးထောက်သလိုလုပ်ပါ။ ဒူးနဲ့ကြမ်းပြင်နဲ့တော့ မထိပါဘူး။ ပြီးရင် မတ်တပ်ပြန်ရပ်ပါ။ ပြီးရင် ညာခြေထောက်ကိုကွေး၊ ဘယ်ခြေထောက်ကို အနောက်ဘက်ဆန့်ပြီး ဒူးထောက်သလို ထပ်လုပ်ပါ။ ပြီးရင် မတ်တပ်ပြန်ရပ်ပါ။ အဲ့အတိုင်း တစ်ဖက်ကို ၁၅ ကြိမ်စီ လုပ်ပေးရင်ရပါတယ်။

ဒီလေ့ကျင့်ခန်း ၅ မျိုးကို နေ့တိုင်းလုပ်စရာမလိုပါဘူး။ ၃ ရက် ဆက်တိုက်လုပ်၊ ၁ ရက်နားနဲ့ ပုံမှန်သာ လုပ်သွားပေးပါ။ ၂ လလောက်နဲ့ သိသာတဲ့ result ကို ရရှိလာပါလိမ့်မယ်။