ခြေဖဝါးနာတာ၊ ဒူးနာတာတွေ သက်သာစေမယ့် လေ့ကျင့်ခန်း ၅ ခုကို မျှဝေပေးလိုက်ပါတယ်။ လုပ်ရတာလည်းလွယ်ကူပြီး မပင်ပန်းတဲ့ လေ့ကျင့်ခန်းတွေဖြစ်တာကြောင့် ခြေဖဝါးနာ၊ ဒူးနာရင် လုပ်ကြည့်သင့်ပါတယ်။

ပုံမှာပြထားတဲ့အတိုင်း ခြေချောင်းလေးတွကိုကုတ်လိုက်၊ ပြန်ဆန့်လိုက်နဲ့ လေ့ကျင့်ခန်းလုပ်ပေးရပါမယ်။ ကိုယ်လုပ်နိုင်သလောက် လုပ်ပေးလို့ရပါတယ်။

ခါးထောက်ပြီး ခန္ဓာကိုယ်ကို မတ်မတ်ရပ်ပါ။ ပြီးရင် ခြေဖဝါးပင့်ပြီး ခြေချောင်းထိပ်လေးတွေနဲ့ လမ်းလျှောက်သလိုမျိုး လုပ်ပေးရမှာပါ။ ၅ မိနစ်ကနေ ၁၅ မိနစ်အထိ ကိုယ်လုပ်နိုင်သလောက်လုပ်ပေးပါ။

ပုံမှာပြထားတဲ့အတိုင်း ခုံကိုကိုင်ထားပြီး ခြေထောက်တစ်ဖက်ကို နောက်ဘက်ကိုမြှောက်ထားပါ။ နောက်ခြေထောက်တစ်ဖက်ကိုချထားလိုက်၊ ပြန်ကြွလိုက်နဲ့ လုပ်ပေးရမှာပါ။ အဲ့အတိုင်း ၁၅ ကြိမ်လုပ်ပါ။ ပြီးရင်တော့ ဘယ်၊ ညာပြောင်းပြီး နောက်ထပ် ၁၅ ကြိမ် ထပ်လုပ်ပေးပါ။

တင်းနစ်ဘောလုံးလေးကို ခြေဖဝါးအောက်မှာထားပြီး လှိမ့်နေပေးပါ။ ခြေထောက်ကိုရှေ့တိုး၊ နောက်ဆုတ်လုပ်ပေးပါ။ ကိုယ်လုပ်နိုင်သလောက် အချိန်ကြာကြာ လုပ်ပေးပါ။

ဒီလေ့ကျင့်ခန်းကတော့ resistance band ကိုသုံးပြီးလုပ်ရမှာပါ။ ခြေထောက်ကို ပုံမှာပြထားတဲ့အတိုင်းထားရပါမယ်။ ခြေထောက်တစ်ဖက်ကို နောက်ခြေထောက်အောက်ထဲ ထည့်ထားပါတယ်နော်။ အဲ့အတိုင်းလုပ်ရပါမယ်။ resistance band နဲ့လုပ်မယ့် ခြေထောက်တစ်ဖက်ကတော့ ပုံမှာပြထားတဲ့အတိုင်း နောက်ကိုလှန်လိုက်၊ ရှေ့ကိုပြန်ကော့လိုက်နဲ့ လုပ်ပေးရမှာပါ။ လုပ်ရမယ့်အကြိမ်အရေအတွက်ကတော့ ဘယ် ၁၅ ကြိမ်၊ ညာ ၁၅ ကြိမ်ပါ။

Source:www.brightside.me