ချွေးထွက်ရင် ကိုယ်ရည်စစ်ပြီး ဝိတ်ပိုကျစေပါတယ်။ ဒါကြောင့် လေ့ကျင့်ခန်းလုပ်တဲ့အခါမှာလည်း ကိုယ်လက်လှုပ်ရှားရတာတွေ၊ ချွေးထွက်စေတဲ့ လေ့ကျင့်ခန်းတွေကို လုပ်ပေးတာက ပိုထိရောက်ပါတယ်။ ဒါကြောင့် ဒီတစ်ခါမှာတော့ မြန်မြန်ဝိတ်ကျချင်တဲ့သူတွေအတွက် ချွေးပိုထွက်စေလို့ ဝိတ်ကျမြန်စေမယ့် လေ့ကျင့်ခန်း ၅ မျိုးကို ဖော်ပြပေးလိုက်ပါတယ်။

Pistol Squats

ပုံမှာပြထားတဲ့အတိုင်း တစ်ဆင့်ချင်းစီပြောင်းပြီး လုပ်ပေးရမှာ ဖြစ်ပါတယ်။ ဆက်တိုက် ၅ ကြိမ်လုပ်ပြီး ခဏရပ်၊ ပြီးရင် နောက်ထပ် ၅ ကြိမ် ထပ်လုပ်၊ ခဏရပ်၊ နောက်ထပ် ၅ ကြိမ် ထပ်လုပ်ပါ။

Spider-man Pushups

ပုံမှာပြထားတဲ့အတိုင်း လက်ကိုထောက်၊ ခြေထောက်နှစ်ဖက်ကိုချိတ်ပြီး ဒိုက်ထိုးသလို လုပ်ပေးရမှာဖြစ်ပါတယ်။ ၅ ကြိမ် ဆက်တိုက်လုပ်၊ ခဏရပ်၊ ၅ ကြိမ် ဆက်တိုက်ထပ်လုပ်၊ ခဏရပ်နဲ့ လုပ်ပေးရမှာ ဖြစ်ပါတယ်။ ၅ ကြိမ် ၃ ခေါက် စုစုပေါင်း ၁၅ ကြိမ် လုပ်ပေးရမှာဖြစ်ပါတယ်။

Sit-ups or crunches

Sit-ups နဲ့ crunches လေ့ကျင့်ခန်း ၂ မျိုးထဲက ကိုယ်ကြိုက်တာတစ်မျိုးကို ရွေးလုပ်နိုင်ပါတယ်။ လုပ်ရမယ့်အကြိမ်အရေအတွက်က အနည်းဆုံး ၁၅ ကြိမ်ဖြစ်ပါတယ်။ အဲ့ထက်ပိုပြီး များများလုပ်နိုင်ရင်တော့ ပိုကောင်းပါတယ်။

Burpees

ဒီလေ့ကျင့်ခန်းဆိုလည်း ပုံမှာပြထားတဲ့အတိုင်း တစ်ဆင့်ချင်းစီ လုပ်ပေးရမှာဖြစ်ပါတယ်။ တစ်မျိုးနဲ့တစ်မျိုးကို အကြာကြီးခြားမလုပ်ပဲ ဆက်တိုက်အမြန်လုပ်ရမှာဖြစ်ပါတယ်။ အဲ့အတိုင်းအားလုံးပြီးမှ ၁ ကြိမ် သတ်မှတ်ပါတယ်။ စုစုပေါင်း ၁၅ ကြိမ်လုပ်ရမှာပါ။

Skipping exercise

နောက်ဆုံးလေ့ကျင့်ခန်းကတော့ ကြိုးခုန်ရမှာဖြစ်ပါတယ်။ တစ်နေ့ကို ၁၀ မိနစ်၊ ၁၅ မိနစ် ပုံမှန်ကြိုးခုန်ပေးရမှာပါ။ ဆက်တိုက်ခုန်ပေးပါ။ ကြိုးခုန်ပေးတာက ဝိတ်ကျအရမ်းမြန်ပါတယ်။ လေ့ကျင့်ခန်းတွေလုပ်ဖို့ အချိန်မပေးနိုင်ရင် ကြိုးခုန်တဲ့လေ့ကျင့်ခန်းကိုသာ နေ့တိုင်းလုပ်ပါ။