ပေါင်တုတ်တာက ဝမှတုတ်တာမျိုး မဟုတ်ပါဘူး။ တချို့ကျတော့ Body က ပိန်ပေမယ့် ပေါင်တို့၊ လက်မောင်းတို့ တုတ်တာမျိုး ရှိပါတယ်။ ဒါကြောင့် ဒီတစ်ခါမှာတော့ ပေါင်တုတ်တဲ့သူတွေအတွက် ပေါင်သေးပြီး ကျစ်လာစေမယ့် လေ့ကျင့်ခန်း ၅ ခုကို မျှဝေပေးလိုက်ပါတယ်။

Leg Up

ပုံမှာလုပ်ပြထားတဲ့အတိုင်း ကြမ်းမှာလှဲပြီး လက်နှစ်ဖက်က ကြမ်းမှာကပ်ထားပါ။ ခြေထောက်နှစ်ဖက်ကိုပဲ စုပြီးတော့ အပေါ်မြှောက်လိုက်၊ အောက်ပြန်ချလိုက်နဲ့ လုပ်ပေးရမှာပါ။ အနည်းဆုံး ၁၀ ကြိမ်လုပ်ပေးရင် ရပါပြီ။

Leg Stretch

ခြေထောက်အကြောဆန့်တဲ့ ဒီလေ့ကျင့်ခန်းကတော့ လူတိုင်းသိမှာပါ။ ပုံမှာလုပ်ပြထားတဲ့အတိုင်း ဘယ် ၁၀ ကြိမ်၊ ညာ ၁၀ ကြိမ် လုပ်ပေးရင် ရပါပြီ။

Air Cycling

ကြမ်းမှာလှဲပြီး လက်ကိုကြမ်းမှာကပ်ထားပါ။ ပြီးရင် ခြေထောက်ကို စက်ဘီးစီးသလို လုပ်ပေးရမှာ ဖြစ်ပါတယ်။ အနည်းဆုံး ၅ ကြိမ်မှ အကြိမ် ၂၀၊ ၃၀ အထိ ကိုယ်အဆင်ပြေသလို လုပ်ပေးပါ။

Lunges

ဘယ်ခြေထောက်ကို ရှေ့ထုတ်ပြီး ဒူးကွေး၊ ညာခြေထောက်ကို ပုံမှာပြထားသလို အနောက်ဆန့်လိုက်ရမှာပါ။ အဲ့အတိုင်း ဘယ်ညာတစ်လှည့်စီ တစ်ဖက်ကို ၁၀ ကြိမ်စီ လုပ်ပေးပါ။

Scissor Kick

နောက်ဆုံးလေ့ကျင့်ခန်းကလည်း လွယ်ပါတယ်။ ကြမ်းမှာလှဲပြီး လက်ကိုကြမ်းမှာကပ်ထားပြီး ခြေထောက်ကို ပုံမှာပြထားတဲ့အတိုင်း ဘယ်ညာတစ်လှည့်စီ မြှောက်နေပေးရမှာပါ။ တစ်ဖက်ကို ၁၅ ကြိမ်စီ လုပ်ပေးရမှာ ဖြစ်ပါတယ်။