အထိုင်များတဲ့အခါတွေ မတ်တပ်ရပ်တာကြာတဲ့အခါတွေမှာ တင်ပဆုံရိုးနာတာတွေ ဖြစ်တတ်ပါတယ်။ ဘာအကြောင်းကြောင့်ပဲဖြစ်ဖြစ် တင်ပဆုံရိုးတွေနာနေပြီဆိုရင် ဒီလေ့ကျင့်ခန်း ၅ ခုကိုသာ အချိန်ပေးပြီး နေ့တိုင်းလုပ်မယ်ဆိုရင်တော့ သိသိသာသာကို သက်သာလာမှာပါ။

ကြမ်းပြင်မှာလှဲပြီး ပုံမှာပြထားတဲ့အတိုင်း ခြေထောက်နှစ်ဖက်ကို ထားပေးပါ။ လက်နှစ်ဖက်ကတော့ ရှေ့ကိုကွေးထားတဲ့ ခြေထောက်ကို ပုံထဲကအတိုင်း ကိုင်ထားပေးပါ။ အဲ့အတိုင်း စက္ကန့် ၃၀ နေပေးပြီး ၁၀ စက္ကန့်နားပါ။ ပြီးရင် နောက်ထပ် ၂ ကြိမ်၊ ၃ ကြိမ် ထပ်လုပ်ပေးပါ။

တင်းနစ်ဘောလုံးကိုသုံးပြီး လေ့ကျင့်ခန်းလုပ်ရမှာပါ။ ပုံမှာပြထားတဲ့အတိုင်း တင်ပါးဘေးဘက်မှာ တင်းနစ်ဘောလုံးကိုထားပြီး စက္ကန့် ၃၀၊ စက္ကန့် ၆၀ လောက် ဖြေးဖြေးချင်းစီ လှိမ့်နေပေးပါ။ ပြီးရင် နောက်တင်ပါးတစ်ဖက်ကိုလည်း ထပ်လုပ်ပါ။ အဲ့အတိုင်း ၅ မိနစ်လောက်အချိန်ပေးပြီး ဘယ်၊ ညာ တစ်လှည့်စီ လုပ်နေပေးပါ။

ယောဂဖျာပေါ်မှာ ပုံမှာပြထားတဲ့ position အတိုင်း စက္ကန့် ၃၀ နေပေးရပါမယ်။ အချိန်ပြည့်ရင် အဲ့အတိုင်းပဲ နောက်တစ်ဖက် ပြောင်းလုပ်ပြီး စက္ကန့် ၃၀ ထပ်နေပေးပါ။

နောက်မှီပါတဲ့ခုံမှာ ပထမပုံထဲက အနေအထားနဲ့ စထိုင်ပြီး အသက်ကိုရှူသွင်းရှူထုတ် ၁၀ ကြိမ်လုပ်ပါ။ ပြီးရင် ဒုတိယပုံထဲကလို ပြောင်းထိုင်ပြီး ရှေ့ကိုနည်းနည်းကုန်းပြီး အသက်ကို ရှူသွင်းရှူထုတ် ၁၀ ကြိမ်ထပ်လုပ်ပါ။ အဲ့အတိုင်း နှစ်မျိုးလုံးကို ၅ ကြိမ်လောက် ပြန်လုပ်ပေးပါ။

အမြင့်တစ်ခုပေါ်ကို ပုံမှာပြထားတဲ့အတိုင်း ခြေထောက်တစ်ဖက်တင်ပြီး လက်နှစ်ဖက်က ရှေ့ဆန့်ပြီး ခုံကိုကိုင်ထားပါ။ အဲ့ပုံစံအတိုင်း ကိုယ်အဆင်ပြေသလောက်နေပေးပါ။ ပြီးရင်တော့ နောက်တစ်ဖက် ပြောင်းလုပ်ပါ။

Source:www.brightside.me