ခြေသလုံးကြွက်သားတွေသန်မာစေဖို့အတွက် အိမ်မှာပုံမှန်လုပ်ပေးရမယ့် Exercise 5 မျိုးကို မျှဝေပေးလိုက်ပါတယ်။ ခက်ခဲတဲ့ Exercise တွေလည်း မဟုတ်တဲ့အတွက် လူတိုင်းလုပ်ရတာ အဆင်ပြေမှာပါ။

1. Standing calf raise

မတ်တပ်ရပ်ပြီး ခြေဖျားထောက်လိုက်၊ ပြန်ချလိုက်နဲ့ လုပ်ရမှာပါ။ 25 ကြိမ် ဆက်တိုက်လုပ်ပြီး ခဏရပ် ပြီးရင် နောက်ထပ် 25 ကြိမ် ဆက်တိုက်ထပ်လုပ်ပေးပါ။

2. Endurance running

နောက်ထပ် Exercise ကတော့ ပြေးရမှာပါ။ 15 မိနစ်မှ မိနစ် 30 အထိ ပြေးနိုင်ပါတယ်။

3. Jumping squats

ပုံမှာလုပ်ပြထားတဲ့အတိုင်း မတ်တပ်ရပ်ပြီးရင် ထိုင်လိုက်ပါ။ ပြီးရင် တတိယပုံထဲကလို ခုန်လိုက်ရမှာပါ။ အဲ့ဒီအနေအထား 3 မျိုးလုံးလုပ်ပြီးမှ 1 ကြိမ်လို့ သတ်မှတ်ရပါမယ်။ အကြိမ် 30 လုပ်ပေးရပါမယ်။

4. Calf stretch

ပုံမှာလုပ်ပြထားတဲ့အတိုင်း Stretching band ကို အသုံးပြုပြီး လုပ်ရမှာပါ။ ဘယ်ညာတစ်လှည့်စီ တစ်ဖက်ကို 10 ကြိမ်စီ လုပ်ပေးရင် ရပါပြီ။

5. High knees

ပုံမှာလုပ်ပြထားသလို ဘယ်ခြေထောက်မြှောက်လိုက်၊ ညာခြေထောက်မြှောက်လိုက် လုပ်ရမှာပါ။ ဖြေးဖြေးချင်းမလုပ်ပဲ အမြန်လုပ်ရပါမယ်။ ဘယ်ညာတစ်လှည့်စီ တစ်ဖက်ကို အနည်းဆုံး 10 ကြိမ်စီလုပ်ပေးရမှာ ဖြစ်ပါတယ်။