Bad Mood တွေပဲ ခဏခဏဖြစ်နေတဲ့သူတွေအတွက် ဒီတစ်ခါမှာတော့ Mood ပိုကောင်းလာစေဖို့ ကူညီပေးမယ့် Exercise 5 မျိုးကို ပြောပြပေးလိုက်ပါတယ်။ 5 မျိုးလုံး လုပ်စရာမလိုပါဘူး။ ကိုယ်အဆင်ပြေတဲ့ တစ်မျိုးကိုပဲ ရွေးလုပ်ရင်တောင် ရပါတယ်။
လမ်းလျှောက်ခြင်း
လမ်းလျှောက်ခြင်းရဲ့ အကျိုးကျေးဇူးတွေကတော့ အများကြီးရှိပါတယ်။ Fresh ဖြစ်စေပြီး စိတ်ခံစားချက်တွေ ပိုကောင်းလာစေတယ်၊ စိတ်ရှုပ်ထွေးနေတာတွေ ပျောက်စေတယ်၊ Mood ပိုကောင်းလာစေပါတယ်။ သဘာဝရှုခင်းတွေနဲ့ စိမ်းလန်းစိုပြေနေတဲ့ နေရာတွေမှာ လမ်းလျှောက်ရင် ပိုတောင်ကောင်းပါသေးတယ်။
Yoga ကျင့်ခြင်း
တိတ်ဆိတ်တဲ့နေရာမှာ လေကောင်းလေသန့်ရတဲ့နေရာမှာ Yoga ကျင့်ပေးခြင်းကလည်း စိတ်ကို အေးချမ်းစေပြီး စိတ်ကြည်လင်စေတယ်၊ အာရုံစူးစိုက်မှု ပိုကောင်းလာစေတယ်၊ စိတ်ညစ်နေရာတွေ Bad Mood ဖြစ်နေတာတွေ အားလုံးပျောက်ပြီး အရင်ထက် Mood ပိုကောင်းလာစေပါတယ်။
Dance Exercise
ကခုန်ခြင်းက Mood ကို မြှင့်တင်ပေးမယ့် အကောင်းဆုံး နည်းလမ်းတစ်ခုပါပဲ။ ဒါကြောင့် ဘယ်မှမသွားချင်ဘူး အိမ်မှာပဲနေချင်တယ်ဆိုရင် မြုူးကြွတဲ့တေးသီချင်းတွေကိုဖွင့်ပြီး Dance Exercise လုပ်ပေးနိုင်ပါတယ်။
Outdoor Cycling
စက်ဘီးကောင်းကောင်းစီးတတ်တဲ့သူဆိုရင် Outdoor Cycling လုပ်ပေးနိုင်ပါတယ်။ ဒီလေ့ကျင့်ခန်းကလည်း Mood ပိုကောင်းလာစေပြီး စိတ်ဖိစီးတွေ Stress တွေ လျော့ကျစေတယ်၊ စိတ်ရောကိုယ်ပါ Active ဖြစ်လာစေပါတယ်။
Fitness Class Group တွေ Join ပါ
တစ်ယောက်ထဲ Exercise မလုပ်ပဲ Fitness Class Group တွေ Join တာမျိုးက ပိုပြီး ပျော်ဖို့ကောင်းသလို Motivation လည်း ပိုရစေတယ်၊ Social လည်း ပိုကောင်းလာစေတယ်၊ Mood လည်း ပိုကောင်းလာစေပါတယ်။