တင်ကျစ်လစ်လှပပြီး မလိုအပ်တဲ့အဆီတွေကိုလည်း ဖယ်ရှားပေးမယ့် လေ့ကျင့်ခန်း ၅ မျိုးကို မျှဝေပေးလိုက်ပါတယ်။ တင်ပါးမှာ အဆီတွေရှိနေလို့၊ တင်ကျစ်လစ်လှပချင်လို့ဆိုရင်တော့ ဒီလွယ်ကူတဲ့ လေ့ကျင့်ခန်းခန်းတွေကိုသာ တစ်ပတ် ၅ ရက် ပုံမှန်လုပ်ပေးပါ။

Squats

ပုံမှာလုပ်ပြထားသလိုအနေအထားနဲ့ ထိုင်လိုက်၊ မတ်တပ်ရပ်လိုက် လုပ်ပေးရမှာပါ။ ၁၀ ကြိမ် ဆက်တိုက်လုပ်ပြီး ခဏနား၊ ပြီးရင် နောက်ထပ် ၁၀ ကြိမ် ဆက်တိုက်ထပ်လုပ်ပါ။ အကြိမ် ၃၀ လောက် လုပ်ပေးနိုင်ရင် ပိုကောင်းပါတယ်။

Side Lying Leg Raise

လက်အနေအထားကို ပုံမှာပြထားတဲ့အတိုင်းထားပြီး ခြေထောက်ကို စုထားပါ။ ပြီးရင် အပေါ်ကိုမြှောက်လိုက် ပြန်စုလိုက်နဲ့ လုပ်ပေးပါ။ အဲ့အတိုင်း ဘယ်ညာတစ်လှည့်စီ တစ်ဖက်ကို အကြိမ် ၃၀ စီ လုပ်ပေးရင် ရပါပြီ။

Step-Ups

အလေးတုံးကိုကိုင်ပြီး ပုံမှာလုပ်ပြထားတဲ့အတိုင်း လုပ်ပေးရမှာပါ။ ခြေထောက်ကို ဘယ်ညာတစ်လှည့်စီ တစ်ဖက်ကို အကြိမ် ၂၀ စီ လုပ်ပေးပါ။

Jump Squat

Squat ကိုမှ ခုန်ပြီးလုပ်ပေးရမယ့် လေ့ကျင့်ခန်း ဖြစ်ပါတယ်။ ပုံမှာလုပ်ပြထားတဲ့အတိုင်း ဆက်တိုက်လုပ်ရပါမယ်။ ၁၀ ကြိမ် ဆက်တိုက်လုပ်ပြီးမှ ခဏနား၊ ပြီးရင် ဆက်တိုက် ၁၀ ကြိမ် ထပ်လုပ်ပါ။ အဲ့အတိုင်း အနည်းဆုံး အကြိမ် ၃၀ လုပ်ပေးရပါမယ်။

Fire Hydrants

အရင်ဆုံး ပထမပုံထဲကလို ဒူးထောက် လက်ထောက်နေပါ။ ပြီးရင် ခြေထောက်တစ်ဖက်ကို ဒုတိယပုံထဲကလို ဘေးကားလိုက်၊ ပြန်စုလိုက်နဲ့ ၁၀ ကြိမ်လုပ်ပေးပါ။ အချိန်ပြည့်ရင် နောက်ခြေထောက်တစ်ဖက်ကိုလည်း အဲ့အတိုင်း ၁၀ ကြိမ် ထပ်လုပ်ပေးပါ။ အဲ့အတိုင်း ဘယ်ညာတစ်လှည့်စီ တစ်ဖက်ကို အကြိမ် ၂၀ စီ လုပ်ပေးပါ။