တော်တော်များများသိထားတာက ထိုင်ထလုပ်ရင် တင်ထွက်တယ်လို့ သိထားကြတာပါ။ လေ့ကျင့်ခန်းလုပ်တော့မယ်ဆိုရင်လည်း ထိုင်ထလေ့ကျင့်ခန်း Squats လုပ်တာက မပါမဖြစ်ပါပဲ။ ဒါပေမယ့် ထိုင်ထလေ့ကျင့်ခန်း Squats လုပ်တာထက်ပိုပြီး ထိရောက်တဲ့ တင်ပိုထွက်စေတဲ့ လေ့ကျင့်ခန်းတွေလည်းရှိတာကြောင့် လိုက်လုပ်လို့ရအောင် ဒီလေ့ကျင့်ခန်းတွေကို ဖော်ပြပေးလိုက်ပါတယ်။

A ပုံထဲကလိုစနေပြီး B ပုံထဲကလို အပေါ်ကိုကြွပေးပါ။ အဲ့အတိုင်း ကိုယ်လုပ်နိုင်သလောက် အကြိမ်ရေ များများသာ လုပ်ပေးပါ။ အနည်းဆုံးတော့ အကြိမ် ၂၀ လုပ်ပေးပါ။

ခြေထောက်တစ်ဖက်မြှောက်ပြီး ပထမပုံထဲကလို စနေပါ။ ပြီးရင် ခုနကလိုပဲ ခါးကိုကော့ပြီး ဒုတိယပုံထဲကလို ပြောင်းလုပ်ပါ။ ဒီလေ့ကျင့်ခန်းကိုလည်း အကြိမ်ရေများများ လုပ်ပေးရင် ပိုကောင်းပါတယ်။ အနည်းဆုံးတော့ အကြိမ် ၂၀ လုပ်ပေးပါ။

ထိုင်ခုံမှာ ပထမပုံထဲကလို အနေအထားနဲ့ စထိုင်ပါ။ ပြီးရင် ခြေထောက်ကော၊ လက်ကောကို ဒုတိယပုံထဲကလိုရအောင်လုပ်ပြီး ထပေးပါ။ ပြီးရင် ပထမပုံထဲကလို ပြန်ထိုင်ပါ။ ဒီလေ့ကျင့်ခန်းကိုလည်း ၁၀ ကြိမ် ဆက်တိုက်လုပ်ပြီး ခဏနား၊ ပြီးရင် ၁၀ ကြိမ် ဆက်တိုက်ပြန်လုပ်ပါ။

မတ်တပ်ရပ်နေရာကနေ ပုံမှာပြထားတဲ့အနေအထားအတိုင်း ပြောင်းလုပ်ပါ။ ပြီးရင် မတ်တပ်ပြန်ရပ်ပြီး ပြန်လုပ်ပါ။ ဘယ်ခြေထောက် ၁၀ ကြိမ်၊ ညာခြေထောက် ၁၀ ကြိမ် ပြောင်းလုပ်ပြီးရင် နောက်တစ်ကျော့ ၁၀ ကြိမ်စီ ပြန်လုပ်ပါ။

မတ်တပ်ရပ်နေရာကနေ ပုံမှာပြထားတဲ့အတိုင်း ခြေထောက်တစ်ဖက်ကိုရှေ့ထုတ်ပြီး ဒူးကွေးထားပါ။ နောက်ခြေထောက်တစ်ဖက်က အနောက်ကို တန်းနေအောင် ဆန့်ထုတ်ထားပါ။ လက်နှစ်ဖက်ကလည်း အပေါ်ကို တန်းနေအောင် မြှောက်ထားပါ။ ပြီးရင် မတ်တပ်ပြန်ရပ်၊ ပြီးရင် အဲ့အတိုင်း ပြန်လုပ်ပါ။ ဘယ်ခြေထောက် ၁၀ ကြိမ်၊ ညာခြေထောက် ၁၀ ကြိမ်စီ ပြောင်းလုပ်ပြီးရင်တော့ နောက်တစ်ကျော့ ၁၀ ကြိမ်စီ ထပ်လုပ်ပေးပါ။

Source: www. Brightside.me