လေ့ကျင့်ခန်းတွေ အများကြီးလုပ်ရမှာ ပျင်းတဲ့သူတချို့က ပြေးတဲ့လေ့ကျင့်ခန်းပဲ လုပ်လေ့ရှိပါတယ်။ ဒီတော့ပြေးတာထက်ပိုပြီးတော့ Calories တွေလျော့ကျကာ အဆီကျစေမယ့် လေ့ကျင့်ခန်း 5 ခုကို မျှဝေပေးလိုက်ပါတယ်။ ဘယ်လေ့ကျင့်ခန်းတွေက Calories ဘယ်လောက်လျော့ကျစေလဲ ဆိုတာကိုပါ ဖော်ပြပေးလိုက်ပါတယ်။

Burpees

Burpees လေ့ကျင့်ခန်းကတော့ ပုံမှာပြထားတဲ့ အဆင့် 5 ဆင့်အတိုင်း လုပ်ရုံပါပဲ။ နေ့တိုင်းသာ အချိန်ပေးပြီး လုပ်ပေးမယ်ဆိုရင် 316 Calories အထိကို ကျစေပါတယ်။

Elliptical Workout

Elliptical workout ကတော့ စက်ရှိရင်ပဲဖြစ်ဖြစ် Gym သွားဆော့ရင်ပဲဖြစ်ဖြစ် မဖြစ်မနေလုပ်ပါ။ သူက 335 Calories လျော့ကျစေပါတယ်။ ခန္ဓာကိုယ်အောက်ပိုင်း Shapes လည်းပိုပေါ်လွင်လာစေပြီး လက်မောင်းတွေ၊ ပေါင်တွေလည်း သေးစေပါတယ်။

စက်ဘီးစီးခြင်း

စက်ဘီးစီးတတ်ရင် စက်ဘီးစီးပါ။ စက်ဘီးစီးတာက Calories အများဆုံးလျော့ကျစေတဲ့ လေ့ကျင့်ခန်းတစ်ခုပါပဲ။ သူက Calories 614 အထိကို ကျစေတာပါ။ ဒါအကြောင့် ပြေးမယ့်အစား စက်ဘီးသာစီးပါ။

ရေကူးခြင်း (Crawl)

ရေကူးတာက ကိုယ်ရည်စစ်တယ်ဆိုတာမျိုးတော့ လူတိုင်းကြားဖူးမှာပါ။ တကယ်လည်းဟုတ်ပါတယ်။ ကိုယ်ရည်စစ်ရုံတင်မဟုတ်ပဲ အဆီတွေပါကျစေတာပါ။ ရေကူးရင် Crawl ပုံစံအတိုင်းကူးပေးပါ။ Calories 409 အထိကို လျော့ကျစေပါတယ်။

ကြိုးခုန်ခြင်း

ကြိုးခုန်တာကလည်း ဝိတ်ကျစေဖို့၊ အဆီကျစေဖို့အတွက် အရမ်းထိရောက်တဲ့ လေ့ကျင့်ခန်းဖြစ်ပါတယ်။ ကြိုးခုန်တာက Calories 372 လောက်ကို လျော့ကျစေပါတယ်။ ဒါ့အပြင် စိတ်ဖိစီးမှုတွေ Stress တွေလည်း လျော့ကျစေပါတယ်။ ဘယ်မှသွားပြီး လေ့ကျင့်ခန်းမလုပ်ချင်ဘူးဆိုရင် အိမ်မှာပဲ ကြိုးခုန်ပါ။