တင်ဆိုဒ်ပိုကြီးလာချင်ပေမယ့် squat မထိုင်ချင်ဘူးဆိုတဲ့သူတွေအတွက် တင်ထွက်လာပြီး တင်ဆိုဒ်ပိုကြီးလာစေဖို့ ပုံမှန်လုပ်ပေးသင့်တဲ့ exercise 5 မျိုးကို မျှဝေပေးလိုက်ပါတယိ။ 5 မျိုးထဲဖြစ်လို့ တစ်ပတ်ကို 4 ရက် 5 ရက်လောက် လုပ်ပေးမယ်ဆိုရင် ပိုမိုမြန်ဆန်တဲ့ result ကို ရရှိစေမှာပါ။

Exercise 1

Yoga ဖျာပေါ်မှာ ဒူးထောက်ပြီး လက်ထောက်ထားပါ။ ပြီးရင် ခြေထောက်တစ်ဖက်ကို ဒုတိယပုံထဲကလို ဘေးကားပြီးမြှောက်ပါ။ ပြီးရင် ပထမပုံထဲကလို ပြန်နေပါ။ အဲ့အတိုင်း ခြေထောက်ကို ဘယ်ညာတစ်လှည့်စီ တစ်ဖက်ကို အကြိမ် 20, 30 စီ လုပ်ပေးပါ။

Exercise 2

လက်ချောင်းတွေကို အပြင်ဘက်ဦးတည်ထားတဲ့ အနေအထားနဲ့ ထောက်ထားပါ။ ခြေထောက်နှစ်ဖက်ကိုစုပြီး ပထမပုံထဲကလို ဒူးထောင်ပြီးနေပါ။ ပြီးရင် ဒုတိယပုံထဲကလို ခန္ဓာကိုယ်ကို တစ်တန်းထဲဖြစ်အောင် အပေါ်ကြွလိုက်ပါ။ ပြီးရင် ပထမပုံထဲကလို ပြန်လုပ်ပါ။ တင်ပါးမှာအားထည့်ပြီး လုပ်ပေးပါ။ အကြိမ် 30 လုပ်ပေးရင် ရပါပြီ။

Exercise 3

လက်နှစ်ဖက်လုံးမှာ အလေးတုံးကိုကိုင်ထားပြီး ခြေထောက်နှစ်ဖက်ကိုစုပြီး မတ်တပ်ရပ်ပါ။ ပြီးရင် ဒုတိယပုံထဲကလို ညာခြေထောက်ကိုကွေး ဘယ်ခြေထောက်ကို အနောက်ဆန့်ပြီးကွေးပါ။ အဲ့အတိုင်း ခြေထောက်ပုံစံကို ဘယ်ညာတစ်လှည့်စီ တစ်ဖက်ကို အကြိမ် 20, 30 စီ လုပ်ပေးပါ။

Exercise 4

ဒူးထောင်ထားပြီး လက်နှစ်ဖက်ကို ဘေးချထားပါ။ အဲ့အတိုင်းနေပြီး တင်ပါးနဲ့ ကျောကို အပေါ်ကြွလိုက် ကြမ်းနဲ့ပြန်ကပ်လိုက် လုပ်ပေးရပါမယ်။ အကြိမ် 30 လုပ်ပေးရမှာ ဖြစ်ပါတယ်။

Exercise 5

ဒီ exercise မှာတော့ resistance band ကိုသုံးပြီး လုပ်ပေးရမှာဖြစ်ပါတယ်။ Resistance band ကို ပုံမှာလုပ်ပြထားတဲ့အတိုင်း ခြေထောက်တစ်ဖက်မှာ အသုံးပြုပြီး လုပ်ပေးပါ။ ဘယ်ညာတစ်လှည့်စီ တစ်ဖက်ကို အကြိမ် 30 စီ လုပ်ပေးပါ။ ဒီ exercise က တင်ထွက်လာစေဖို့ အများကြီး အထောက်အကူပြုတာကြောင့် အကြိမ်ရေများများလေး လုပ်ပေးပါ။