ဗိုက်ခေါက်ထွက်တာ၊ ခါးမှာအဆီရှိတာက ဝမှမဟုတ်ပါဘူး။ ပိန်တဲ့သူတွေလည်း ကိုယ်လက်လှုပ်ရှားမှု သိပ်မရှိတာ၊ စားပြီးထိုင်နေတာ၊ အထိုင်များတာမျိုးဆို ထွက်ပါတယ်။ ဒါပေမယ့် လေ့ကျင့်ခန်း ပုံမှန်လုပ်ပေးရင်တော့ အဆင်ပြေပါတယ်။ ဒါကြောင့် ငွေမကုန်ပဲ ပိုလှလာစေဖို့ ဗိုက်ခေါက်ထွက်နေတာနဲ့ ခါးမှာရှိနေတဲ့အဆီတွေ ၃ ပတ်အတွင်း ကျသွားစေမယ့် လေ့ကျင့်ခန်း ၅ မျိုးကို မျှဝေပေးလိုက်ပါတယ်။

လေ့ကျင့်ခန်း ၁

ဘေးတစ်စောင်းအနေအထားနဲ့ ပုံမှာပြထားတဲ့အတိုင်း ခြေထောက်ကိုကွေးပြီး ဒူးနဲ့တံတောင်ဆစ်နဲ့ ထိခါနီးလေးဖြစ်အောင် လုပ်ပေးရပါမယ်။
ပြီးရင်တော့ ခြေထောက်ကိုပြန်ချပြီး ပြန်မြှောက်ပါ။ လက်ကိုလည်း ရှေ့ကိုဆန့်ထုတ်ပါ။ ခြေချောင်းထိပ်နဲ့ လက်ဖဝါးနဲ့ ထိခါနီးလေးဖြစ်အောင် လုပ်ပေးရပါမယ်။ အဲ့ ၂ မျိုးကို အကြိမ် ၃၀ ပြည့်အောင် လုပ်ပေးပါ။

ဘယ်ခြေထောက်၊ ဘယ်လက်ပြီးရင် ညာခြေထောက်၊ ညာလက်ကို အကြိမ် ၃၀ ထပ်လုပ်ပေးပါ။

လေ့ကျင့်ခန်း ၂

ပုံမှာပြထားတဲ့အတိုင်း မှောက်ယက်အနေအထားနဲ့ လက်ထောက်ထားပါ။ ခြေထောက်ကိုလည်း ထောက်ထားပြီး ဟိုဘက်ယိမ်းလိုက်၊ ဒီဘက်ယိမ်းလိုက်နဲ့ အကြိမ် ၃၀ ပြည့်အောင် လုပ်ပေးရပါမယ်။

လေ့ကျင့်ခန်း ၃

ပုံမှာပြထားတဲ့အတိုင်း ပတ်လက်လှဲပြီး လက်နှစ်ဖက်ကို ဆန့်ထားပါ။ ခြေထောက်ကိုတော့ ကွေးပြီး ဘယ်ချလိုက်၊ ညာချလိုက် လုပ်ပေးရပါမယ်။ ခါးအောက်ပိုင်းကိုပဲ လှည့်ပါမယ်။ ခန္ဓာကိုယ်တစ်ခုလုံး လိုက်လှည့်စရာမလိုပါဘူး။ ဒီလေ့ကျင့်ခန်းကိုလည်း အကြိမ် ၃၀ လုပ်ပေးပါ။

လေ့ကျင့်ခန်း ၄

ခြေထောက်တစ်ဖက်ကိုကွေးပြီး ခေါင်းကိုလည်း ပုံမှာပြထားတဲ့အတိုင်း လုပ်ပေးပါ။
ပြီးရင် ခြေထောက်ပြန်ဆန့်ပြီး အပေါ်ကိုမြှောက်ပါ။ ဘယ်ခြေထောက်၊ ညာလက်ထိခါနီးလေးဖြစ်အောင် လုပ်ပေးရပါမယ်။ အကြိမ် ၃၀ လုပ်ရပါမယ်။

ဘယ်ဘက်ပြီးရင် ညာဘက်ကိုလည်း အကြိမ် ၃၀ ထပ်လုပ်ပေးပါ။

လေ့ကျင့်ခန်း ၅

ဒူးနှစ်ဖက်ကို ပုံမှာပြထားတဲ့အတိုင်း ထောင်ထားပါ။ ကျောကို ကြမ်းနဲ့ကပ်ထားပြီး ပခုံးနဲ့ခေါင်းပဲ ကြွပြီး လက်ဖဝါးက ခြေမျက်စိကို ထိခါနီးလေးဖြစ်အောင် လုပ်ပေးရပါမယ်။ ဘယ်ညာတစ်လှည့်စီပြည့်မှ တစ်ကြိမ်လို့သတ်မှတ်ပါတယ်။ ဒါကြောင့် အကြိမ် ၃၀ ပြည့်အောင် လုပ်ပေးပါ။

Source: www.momomi