သင်ဟာ အသင့်စားသုံးရတဲ့အစားအစာမစားဘူး ချိုချဉ်တွေမစားဘူး။ ပုံမှန်လေ့ကျင့်ခန်းလုပ်တယ်ဆိုပေမယ့် ကိုယ်အလေးချိန်မကျဘူးဖြစ်နေလား။ ဒါဆိုရင်တော့ သင့်မှာအခုဖော်ပြမယ့် အကျင့် (၅) ခုရှိမရှိဆိုတာကို လေ့လာကြည့်ရအောင်ပါ။

၁။ အိပ်ချိန်များခြင်း

အိပ်ချိန်နည်းနည်းပဲရှိတာဟာ သင့်ခန္ဓာကိုယ်အတွက်မကောင်းသလို အိပ်ချိန်များလွန်းတာဟာလည်း ကိုယ်အလေးချိန်တက်စေပါတယ်။ တစ်နေ့ကို ၁၀ နာရီထက်ပိုပြီးအိပ်ရင် အဲဒီလိုဖြစ်တတ်တာမို့ အနည်းဆုံး ၇ နာရီနဲ့ အများဆုံး ၉ နာရီထိသာအိပ်တတ်ပါတယ်။

၂။ ရေမသောက်ခြင်း

မနက်အိပ်ယာနိုးနိုးချင်း ရေသောက်ပေးသင့်တယ်ဆိုတာ လူတိုင်းသိပေမယ့် လူတိုင်း သောက်ဖို့ မေ့နေတတ်ကြပါတယ်။ ရေများများ မသောက်တာဟာလည်း ကိုယ်အလေးချိန်တက်စေပါတယ်။မနက်ဖက်မှာ ရေသောက်ပေးရင် အညစ်အကြေးစွန့်ပေးပြီး စိတ်ကိုကြည်လင်စေပါတယ်။ ဒါ့အပြင် အစားအများကြီးစားမိခြင်းကိုလျှော့ချပေးပြီး ရေသောက်တာဟာ ကိုယ်အလေးချိန်လျှော့ချစေဖို့ အကူအညီဖြစ်စေပါတယ်။ ဒါ့ကြောင့် ရေသောက်ပေးပါ။

၃။ သင့်ရဲ့ ကိုယ်အလေးချိန်အကြောင်း သင်မေ့နေခြင်း

သင်စားမယ့်အချိန်သောက်မယ့်အချိန်၊ သင်ဘာပဲလုပ်လုပ် သင့်ရဲ့ ကိုယ်အလေးချိန်အကြောင်းကို သေချာနားလည်ထားသင့်ပါတယ်။ အာဟာရဓာတ်သင့်တင့်မျှတအောင်စားသုံးဖို့လိုအပ်ပါတယ်။

၄။ မနက်စာနည်းနည်းပဲစားခြင်း

သုတေသနပြုချက်အရ မနက်စာနည်းနည်းပဲစားတာဟာ တစ်နေ့တာလုံးအတွက် အားအင်ချည့်နှဲ့စေပြီး အစားများများစားမိတာ၊ အသင့်စားအစားအစာ စားမိတာမျိုးဖြစ်စေလို့ မနက်စာကို အာဟာရဓာတ် ပြည့်ပြည့်၀၀ စားပေးဖို့လိုအပ်ပါတယ်။

၅။ မနက်စာမစားခြင်း

ဘာဆိုင်လို့လဲလို့ တွေးမိချင်တွေးမိမှာဖြစ်ပေမယ့် မနက်စာမစားတာဟာ ကိုယ်အလေးချိန်တက်တာနဲ့ ဆက်စပ်နေပါတယ်။ မနက်စာမစားဘဲနေမယ်ဆိုရင် စောစောကပြောခဲ့သလိုပဲ အမြန်စားအစားအစာကို ရွေးချယ်စားသုံးမိမှာဖြစ်သလို၊ စိတ်လည်းကြည်မှာမဟုတ်ပါဘူး။