အသားခြောက်ပေမယ့် Skincare တွေ အဆင့်ဆင့် အများကြီးလည်း မလိမ်းချင်ဘူး၊ အသားအရေကို အရမ်းအချိန်ပေးပြီး ဂရုမစိုက်နိုင်ဘူးဆိုတဲ့သူတွေအတွက် အဓိကလိုအပ်တဲ့အချက် ၅ ချက်ကို ပြောပြပေးလိုက်ပါတယ်။ ဘာမှမလုပ်ချင်ရင်တောင်မှ ဒီအချက် ၅ ချက်ကို လုပ်ပေးရုံနဲ့ မျက်နှာရော၊ ခန္ဓာကိုယ် အသားအရေရော အသားခြောက်တာ သက်သာလာမှာပါ။
Hydrating Facial Cleanser
မျက်နှာသစ်ဆေး Cleanser သုံးတဲ့အခါမှာ Hydrating Facial Cleanser မျိုးကို ရွေးသုံးပေးပါ။ ကိုယ်က အသားခြောက်တဲ့အတွက် Cleanser ကအစ သေချာလေး ဂရုစိုက်ရွေးချယ်ပေးဖို့ လိုပါတယ်။
Cream (Moisturizer)
အသားခြောက်တယ်ဆိုရင် Cream (Moisturizer) ကို မဖြစ်မနေ လိမ်းပေးပါ။ လိမ်းတဲ့အခါမှာလည်း Hydrating ကောင်းကောင်းပေးနိုင်တဲ့ Cream Type မျိုးကို ရွေးသုံးပေးပါ။ မနက်တစ်ကြိမ်၊ ညတစ်ကြိမ် လိမ်းပေးရပါမယ်။
Serum
အသားခြောက်ပေမယ့် Skincare တွေ အဆင့်ဆင့် အများကြီး မလိမ်းချင်ဘူးဆိုရင် Cream နဲ့ Serum ကိုတော့ သေချာလေးရွေးသုံးပေးရပါမယ်။ Serum ကိုလည်း ကိုယ့်အသားအရေနဲ့ ကိုက်ညီတာမျိုးကို ကောင်းကောင်းလေး သုံးပေးပါ။ Skincare Step တွေထဲမှာ Serum က Effect အထိရောက်ဆုံးအရာပါ။
Body Lotion
မျက်နှာအသားခြောက်ရင် Body Skin လည်း ခြောက်မှာပါပဲ။ ဒါကြောင့် Body Lotion ကိုလည်း လိမ်းဖို့မပျင်းပါနဲ့။ အစိုဓာတ်သေချာပေးနိုင်တဲ့ Body Lotion (သို့) Body Butter, Shea Butter ပါတာမျိုးတွေကို သုံးပေးနိုင်ပါတယ်။
Water
အသားခြောက်တယ်ဆိုရင် ရေသောက်မပျင်းပါနဲ့။ ဘေးမှာရေဘူးထားပြီး၊ သွားလေရာ ရေဘူးသယ်ပြီးသွားပါ။ ရေများများသောက်ပါ။ အနည်းဆုံး တစ်နေ့ကို ရေသန့်ဘူးကြီး ၃ ဘူးကုန်အောင် သောက်ပေးပါ။