Skincare တွေကို အစုံအလင်၊ အများကြီး မသုံးချင်တဲ့သူတွေအနေနဲ့ အဓိကလိုအပ်တာလောက်ပဲသုံးပြီး အသားအရေကို ထိန်းသိမ်းလို့ရပါတယ်။ အများကြီးသုံးမှ အသားအရေကောင်းပြီး၊ Skin Glow တာမျိုးမဟုတ်ပါဘူး။ ဒါကြောင့် ဒီတစ်ခါမှာတော့ အဆီပြန်တဲ့အသားအရေအတွက် အဓိကလိုအပ်တဲ့ Skincare (၅) မျိုးကို ပြောပြပေးလိုက်ပါတယ်။

Cleansing

အဆီပြန်တဲ့သူမှမဟုတ်ပါဘူး။ ဘယ်လို Skintype မျိုးပဲဖြစ်ဖြစ် Cleansing ကို သေချာလုပ်ပေးဖို့လိုပါတယ်။ မိတ်ကပ်တွေလိမ်းပြီးရင် Makeup Remover နဲ့ဖျက်ပြီးမှ မျက်နှာသစ်ဆေးနဲ့ မျက်နှာသစ်တာမျိုး လုပ်ပေးရပါမယ်။ တစ်နေ့ကို ၂ ကြိမ် မျက်နှာသစ်ရပါမယ်။

Toner

အဆီပြန်တဲ့ Oily Skin တွေအတွက်ထုတ်ထားတဲ့ Toner မျိုးကို ရွေးသုံးပေးပါ။ အဆီပြန်တဲ့သူတွေက အဆီနဲ့ ချွေးနဲ့ရောပြီး ဝက်ခြံထွက်လွယ်ပါတယ်။ ဒါကြောင့် သေချာရွေးသုံးဖို့လိုပါတယ်။ Toner ကိုလည်း မနက်၊ ည လိမ်းပေးရပါမယ်။

Moisturizer

အဆီပြန်တဲ့သူတွေက Toner လိမ်းပြီး Moisturizer လိမ်းလိုက်တာနဲ့ ပြည့်စုံနေပါပြီ။ အဓိကကတော့ အဆီပြန်ရင် Cream Type, Lotion Type တွေထက် Gel Type Moisturizer မျိုးကို ရွေးသုံးပေးပါ။

Sunscreen

ဘယ်လိုအသားအရေမျိုးပဲဖြစ်ဖြစ် Sunscreen လိုပါတယ်။ Sunscreen မလိမ်းရင် အသားအရေပျက်စီးမယ်၊ အရေးအကြောင်းတွေ မြန်မြန်ဖြစ်မယ်၊ အမဲစက်တွေ၊ တင်းတိတ်တွေထွက်လာပြီး အသားအရေက မွဲညစ်နေမှာပါ။ အဆီပြန်တဲ့သူတွေက Sunscreen သုံးမယ်ဆိုရင် ကိုယ့်အသားအရေနဲ့ အဆင်ပြေမယ့်ဟာကို ရွေးသုံးပါ။

Exfoliating

တစ်ပတ်တစ်ခါ Exfoliating မလုပ်ပေးရင် Skincare ဘယ်လောက်လုပ်လုပ် အသားအရေက ညစ်ညစ်ကြီးဖြစ်နေမှာပါ။ လိမ်းသမျှ Skincare တွေကိုလည်း သေချာမစုပ်ယူနိုင်ပါဘူး။ Exfoliating ပုံမှန်လုပ်ပေးမယ်ဆိုရင်တော့ ဆဲလ်သေတွေနဲ့ အညစ်အကြေးတွေကို သေချာဖယ်ရှားပေးပြီး မျက်နှာအသားအရေ ကြည်စေပါတယ်။