အလှပြင်ဖို့အချိန်မရှိပေမယ့်လည်း အပြင်သွားတဲ့အခါ၊ အလုပ်သွားတဲ့အခါမှာ မဖြစ်မနေ ပြင်ဆင်သွားရမယ့်သူတွေအတွက် အဓိကလိုအပ်တဲ့ Cosmetics နဲ့ မိတ်ကပ်ပစ္စည်း ၅ မျိုးပဲ ရှိပါတယ်။ ဒီ ၅ မျိုးရှိရင်ပဲ လုံလောက်ပါပြီ။

Primer

အောက်ခံမိတ်ကပ် foundation ကို သေချာလိမ်းဖို့ အချိန်မပေးနိုင်ရင်တောင်မှ primer လိမ်းလိုက်ရင် အဆင်ပြေပါတယ်။ tone up effect ပါတဲ့ sunscreen လိမ်းပြီး primer သာ လိမ်းလိုက်ပါ။

Powder

အောက်ခံမိတ်ကပ် foundation မလိမ်းပဲ primer လိမ်းပြီး setting powder လေးသာ လိမ်းလိုက်မယ်ဆိုရင် အရမ်းကို အဆင်ပြေသွားပါပြီ။ အလှပြင်ဖို့အချိန်မရှိတဲ့သူတွေအတွက်တော့ ဒီနည်းလမ်းတွေက အသုံးအဝင်ဆုံးပါပဲ။

မျက်ခုံးမွှေးဆွဲတံ

လူတစ်ယောက်ရဲ့မျက်နှာမှာ မျက်ခုံးကတော့ အသက်ဖြစ်တာကြောင့် မျက်ခုံးမွှေးဆွဲဖို့ လိုပါတယ်။ ဆွဲနေကျသူဆိုရင်တော့ မကြာပါဘူး။ မျက်ခုံးမွှေးဆွဲတာ မြန်မှာပါ။ မျက်ခုံးမွှေးရှိပြီးသားသူတွေဆိုရင် mascara (သို့) eyebrow brush နဲ့ ဖြီးလိုက်ရင်တောင် အဆင်ပြေနေပါပြီ။

Mascara

ပြင်ဆင်နေဖို့အချိန်မရှိရင် မျက်လုံးအတွက်ကတော့ မျက်တောင်ကိုသာ mascara နဲ့ သေချာကော့ပေးပါ။ မျက်တောင်လေးပိုရှည်လာပြီး မျက်လုံးလည်းပိုဝိုင်းသလို ဖြစ်သွားပါလိမ့်မယ်။ ဒီလောက်ဆိုရင် လှနေပါပြီ။ eyeliner တွေဆိုးပြီး eyeshadow တွေ ခြယ်နေစရာတောင် မလိုပါဘူး။

နှုတ်ခမ်းနီ

မိန်းကလေးတွေအတွက်တော့ နေမကောင်းတဲ့ရုပ်ဖြစ်နေရင်တောင် နှုတ်ခမ်းနီဆိုးလိုက်ရင် မျက်နှာလေးလင်းပြီး လှသွားပါတယ်။ ဒါကြောင့် နှုတ်ခမ်းနီကတော့ မပါမဖြစ်ပါပဲ။ အချိန်မရှိရင် ကားပေါ်မှာတောင် ဆိုးလို့ရပါသေးတယ်။ ဒါ့အပြင် eyeshadow ဆိုးချင်ရင်လည်း နှုတ်ခမ်းနီကို လက်ညှိုးနဲ့ပွတ်ယူပြီး မျက်ခွံမှာ ပွတ်ဆွဲလိုက်ရုံပဲနော်။