မိတ်ကပ်လိမ်းပြီး ပြင်ဆင်ခြယ်သနေမှ လှတာမဟုတ်ပါဘူး။ မိတ်ကပ်မလိမ်းလည်း လှလှပပလေးဖြစ်အောင် ပြင်ဆင်နိုင်ပါတယ်။ အဓိကအားဖြင့်တော့ မိတ်ကပ်မလိမ်းလည်း လှနေစေဖို့အတွက် ဒီ Beauty Product 5 မျိုးပဲ အဓိကလိုအပ်ပါတယ်။

Sunscreen

Sunscreen ကတော့ နေ့ဘက်တွေအတွက် မရှိမဖြစ်ပါပဲ။ Sunscreen ကောင်းကောင်းလေးသုံးပေးပါ။ မိတ်ကပ်လိမ်းထားသလို မျက်နှာလေး ပိုဖြူသွားချင်ရင်တော့ Tone-up ပါတဲ့ Sunscreen သုံးပေးလို့ရပါတယ်။

Concealer

မိတ်ကပ်မလိမ်းတဲ့အတွက် Concealer သုံးပေးရင်တော့ ပိုပြီး Perfect ဖြစ်စေမှာပါ။ မျက်ကွင်းညိုတဲ့နေရာ၊ ဝက်ခြံ အမဲစက် အမာရွတ်ရှိတဲ့နေရာ၊ အသားအရောင်မညီတဲ့နေရာတွေကို Concealer နဲ့ ဖုံးပေးလို့ရပါတယ်။

Cream Pact

မိတ်ကပ်မလိမ်းချင်ရင် အပေါ်မှာပြောခဲ့တဲ့အဆင့် 2 ဆင့်ကိုလိမ်းပြီး Cream Pact လေးလိမ်းလိုက်ပါ။ ဒါဆိုရင် မိတ်ကပ်တောင်လိမ်းစရာမလိုပဲ ပေါ့ပါးမှုရှိပြီး လှသွားမှာနော်။

Lipstick

Lipstick ရှိရင် မျက်လုံးလည်းခြယ်လို့ရသလို ပါးနီလည်းခြယ်လို့ရတဲ့အတွက် အရမ်းအဆင်ပြေပါတယ်။ ဒါကြောင့် Lipstick ကိုသာ 2 ရောင် 3 ရောင်လောက် ဆောင်ထားလိုက်နော်။

Eyebrow Gel

မျက်နှာက ဘာမှမပြင်ထားလည်း မျက်ခုံးမွှေးလှလှလေးဖြစ်နေရင် အဆင်ပြေပါတယ်။ လူတစ်ယောက်ရဲ့မျက်နှာမှာ မျက်ခုံးမွှေးကအသက်ပါပဲ။ Eyebrow Gel လေးနဲ့ ကိုယ့်ရှိပြီးသားမျက်ခုံးမွှေးကို ဖြီးလိုက်မယ်ဆိုရင် Natural Look လေးနဲ့ လှနေမှာပါ။