အမုန်းနောက်မှာ အချစ်လိုက်လာတတ်တယ်ဆိုတဲ့ စကားကို သင့်အနေနဲ့ အယုံအကြည်ရှိလား။ အရေးကြီးတာ တစ်ခုကတော့ လူတစ်ယောက်ကို ချစ်ရင် ဒီခံစားချက်ကို ရှောင်ပြေးနေတာထက် အပြည့်အဝ ချစ်လိုက်ဖို့ပါပဲ။ သင်က အစပိုင်း ရန်ဖြစ်နေပြီး နောက်ပိုင်းမှ ပျားရည်ထက်ချိုတဲ့အချစ်တွေနဲ့ ပြည့်နှက်နေတဲ့ ကိုးရီးယားဇာတ်လမ်းတွဲတွေကို မြည်းစမ်းချင်ရင်တော့ အောက်ဖော်ပြပါဇာတ်လမ်းတွဲတွေက သင့်အကြိုက်ဖြစ်မှာပါ။

၁။ Our Beloved Summer

သင် နက်နက်နဲနဲချစ်ရတဲ့ချစ်သူက သင့်ကို အသည်းခွဲသွားရင် ဘယ်လိုခံစားရမလဲ။ ပိုဆိုးတာက ဒီလူက အမျိုးမျိုးပြောင်းလဲနေပြီး ခဏခဏအနာပေးလိုက် ဆေးပေးလိုက်နဲ့ နောက်ဆုံး တကယ်ထားခဲ့တယ်ဆိုရင်ရော။

ကျောင်းသားဘဝက ချစ်သူဖြစ်ခဲ့ပြီး အကြောင်းအမျိုးမျိုးကြောင့် လမ်းခွဲခဲ့တဲ့ ချစ်သူနှစ်ဦးက အသက်အရွယ်တစ်ခုအရောက်မှာ ပြန်ဆုံကြပါတော့တယ်။ လမ်းခွဲခံလိုက်ရလို့ ဘယ်လိုမှလှည့်မကြည့်ချင်တော့တဲ့ သူတစ်ဦးနဲ့ နောက်တစ်ဦး ဘယ်လိုဖြစ်မလဲ စိတ်ဝင်တစားကြည့်ရမှာပါ။ ပါဝင်တဲ့မင်းသားနဲ့မင်းသမီးက Chemistry မိလွန်းတာမို့ လုံးဝ လက်လွှတ်မခံသင့်တဲ့ဇာတ်လမ်းပါပဲ့။

၂။ Business Proposal

သင်က Office Romance ဇာတ်လမ်းကို သဘောကျရင် ဒီ Business Proposal က အဆင်ပြေမှာပါ။ သူငယ်ချင်းရဲ့ အကူအညီတောင်းမှုကြောင့် Blind Date ကို လူစားသွားပေးရတဲ့ Shin Ha Ri ဆိုတဲ့ကောင်မလေးက ကံဆိုးစွာပဲ သူတွေ့မယ့်သူက သူ့အလုပ်က CEO ဖြစ်နေပါတော့တယ်။ CEO Kang Tae Muက အမှန်အတိုင်း သိသွားတဲ့အခါ သူ့ကိုလိမ်ထားတဲ့ Shin Ha Ri ကို ဘယ်လိုတုံ့ပြန်မလဲ စိတ်ဝင်တစား ကြည့်ရမှာပါ။

၃။ Sh**ting Stars

Entertainment တစ်ခုတည်းမှာ တွဲလုပ်နေရတဲ့ သူနှစ်ဦးက လုပ်ငန်းခွင် မိတ်ဆွေ ဖြစ်ရမယ့်အစား မတော်တဆအမှားတစ်ခုကြောင့် ရန်သူတွေ ဖြစ်သွားပါတော့တယ်။ ဒီနှစ်ယောက်က ဘယ်လိုတွေ အချင်းချင်း ပညာပေးကြမလဲ ဟာသနှော ကြည့်ရမယ့် ဇာတ်လမ်းကောင်းပါ။ မင်းသားနဲ့ မင်းသမီးရဲ့ လိုက်ဖက်တဲ့ Visual နဲ့တင် ကြည့်ရတန်တဲ့ ဇာတ်လမ်းပါ။

၄။ Once Upon A Small Town

Red Velvet အဖွဲ့ဝင် Joy က ဒီဇာတ်လမ်းထဲမှာ လူတိုင်းကို ကူညီပေးတတ်တဲ့ ဇာတ်ကောင် Ahn Ja Young အနေနဲ့ သရုပ်ဆောင်ထားပါတယ်။ ဇာတ်လမ်းထဲ သူမရဲ့ ချစ်ဖို့ကောင်းတဲ့ အပြုံးကိုပါ မြင်ရမှာပါ။ ဒီဇာတ်လမ်းက ဘဝမှာ ကိစ္စ သေးသေးလေးတွေကို တန်ဖိုးထားတတ်ဖို့ လမ်းပြပေးပါလိမ့်မယ်။

၅။ Cheer Up

သူစိမ်းကနေ ရန်သူ၊ ရန်သူကနေ ချစ်သူအဆင့်ဆင့် ဇာတ်လမ်းတွဲမျိုးရှာနေရင်တော့ Cheer Up က ကွက်တိပါပဲ။ ပိုက်ဆံရှာဖို့ပဲ ခေါင်းထဲရှိတဲ့ မင်းသမီးက ဘေးက ကောင်ချောလေး နှစ်ယောက်ရဲ့အကူအညီနဲ့ သူမရဲ့အိပ်မက် စိတ်ဝင်စားရာကို လုပ်နိုင်ဖို့ ကြိုးစားပါတော့တယ်။ သင်က Second Lead Syndrome ကိုလည်း ဒီဇာတ်လမ်းထဲ လှိမ့်နေအောင် ခံစားရမှာ မလွဲမသွေပါပဲ။

Video Source: YouTube

Source: Preview.ph

By MyStyle Myanmar