နှုတ်ခမ်းသား ခြောက်သွေ့ကြမ်းတမ်းတဲ့သူတွေအတွက် နှုတ်ခမ်းသားနူးညံ့လာစေမယ့် သဘာဝနည်းလမ်း ၅ မျိုးကို မျှဝေပေးလိုက်ပါတယ်။ အိမ်မှာအေးဆေးလုပ်လို့ရတဲ့ နည်းလမ်းတွေဖြစ်တာကြောင့် ငွေအကုန်အကျလည်းသက်သာပြီး အဆင်ပြေပါတယ်။

ပျားရည်

ပျားရည်ကို နှုတ်ခမ်းမှာလိမ်းပြီး ၁၀ မိနစ်ထား၊ ပြီးရင် ရေခဲရေနဲ့ ပြန်သန့်စင်ပြီး Lip Balm ဆိုးပေးထားပါ။ ပျားရည်က Natural Moisturizer တစ်မျိုးဖြစ်လို့ ကြမ်းတမ်းနေတဲ့ နှုတ်ခမ်းသားကို နူးညံ့လာစေပါတယ်။

ရှားစောင်းလက်ပတ်

ရှားစောင်းလက်ပတ်အပင်ကို လိုသလောက်ယူပြီး အထဲက Gel အသားကို ခြစ်ယုူပါ။ ပြီးရင် ချေပြီး နှုတ်ခမ်းမှာလိမ်းပေးပါ။ တစ်နာရီလောက်ထားပြီးမှ ရေနဲ့ပြန်သန့်စင်ပေးပါ။ နှုတ်ခမ်းသား နူးညံ့စေပြီး နှုတ်ခမ်းမဲတာလည်း သက်သာစေပါတယ်။

သကြား

သကြား နဲ့ Rose Water ကို ဆတူရောမွှေပြီး နှုတ်ခမ်းကို Scrub တိုက်သလို ပွတ်ပေးရမှာပါ။ ပြီးရင် မိနစ်အနည်းငယ်လောက်ထားပြီး ရေနဲ့ပြန်သန့်စင်လိုက်ရုံပါပဲ။ Dead Cells တွေကို ဖယ်ရှားပေးပြီး နှုတ်ခမ်းသား နူးညံ့ချောမွေ့စေပါတယ်။

Almond Oil

ဒီနည်းလမ်းကိုလုပ်မယ်ဆိုရင်တော့ လွယ်ပါတယ်။ ညအိပ်ယာဝင်ခါနီးတိုင်းမှာ Almond Oil ကို နှုတ်ခမ်းမှာလိမ်းပေးပြီး မနက်ရောက်မှ တစ်ခါထဲမျက်နှာသစ်လိုက်ရုံပါပဲ။ နှုတ်ခမ်းသား နူးညံ့ချောမွေ့စေပြီး နှုတ်ခမ်းခြောက်တာ၊ ကွဲတာတွေလည်း ပျောက်စေပါတယ်။

နွားနို့

နွားနို့ကိုမှ နို့အေးဆိုရင် ပိုကောင်းပါတယ်။ နို့အေးကို နှုတ်ခမ်းမှာလိမ်းထားပြီး ၁၅ မိနစ်ထားရုံပါပဲ။ ပြီးရင် ရေကြက်သီးနွေးလေးနဲ့ နှုတ်ခမ်းကို ပြန်သန့်စင်ပေးပါ။ နှုတ်ခမ်းသား နူးညံ့စေပြီး ခြောက်သွေ့အက်ကွဲတာတွေ၊ နှုတ်ခမ်းညိုမဲတာတွေလည်း သက်သာစေပါတယ်။