အာရုံကြောစနစ်ကို ပိုပြီးကောင်းမွန်လာစေမယ့် ယောဂကျင့်စဉ် ၅ မျိုးကို မျှဝေပေးလိုက်ပါတယ်။ လူကြီး၊ လူငယ်မရွေး အလွယ်တကူလိုက်လုပ်နိုင်မယ့် ၅ မျိုးကိုသာရွေးပြီး ဖော်ပြပေးထားတာဖြစ်လို့ လူတိုင်းလုပ်နိုင်မှာပါ။ အာရုံစိုက်ရတဲ့အလုပ်လုပ်တဲ့သူတွေ၊ ကွန်ပြူတာနဲ့လုပ်ရတဲ့သူတွေ၊ ဖုန်းအရမ်းကြည့်တဲ့သူတွေ၊ အာရုံကြောအားနည်းတဲ့သူတွေဆိုရင် နေ့တိုင်း အချိန်ခဏလောက်ပေးပြီး လုပ်ကြည့်သင့်ပါတယ်။

1. Child Pose

ပုံမှာပြထားတဲ့အတိုင်း နဖူးနဲ့ ယောဂဖျာနဲ့ထိပြီး တင်ပါးနဲ့ ခြေဖနောင့်နဲ့ထိနေပေးပါ။ လက်နှစ်ဖက်ကို ပုံထဲကအတိုင်း ရှေ့ကိုဆန့်ထုတ်ထားပေးပါ။ အဲ့ပုံစံနဲ့ မျက်စိမှိတ်ပြီး ၁၅ စက္ကန့်နေပေးပါ။

2. Down Dog Pose

ယောဂဖျာပေါ်မှာ ပုံထဲကအတိုင်း ခြေထောက်၊ ခါး၊ လက်တို့ကို တစ်ပြေးထဲဆန့်ထုတ်ထားပါ။ လက်ဖဝါးနှစ်ဖက်နဲ့ ခြေဖဝါးနှစ်ဖက်က ဖျာနဲ့ကပ်နေရပါမယ်။ အဲ့ပုံစံအတိုင်း မျက်စိမှိတ်ပြီး ၁၅ စက္ကန့် နေပေးပါ။

3. Reclining Bound Angle Pose

ယောဂဖျာပေါ်မှာ ပက်လက်လှဲအိပ်ပြီး လက်နှစ်ဖက်က ဘေးကိုကားပြီးဆန့်ထားပါ။ ပေါင်ကိုကားပြီး ခြေဖဝါးနှစ်ဖက်ကိုစုထားပေးပါ။ အဲ့ပုံစံအတိုင်း မျက်စိမှိတ်ကာ ၁၅ စက္ကန့် နေပေးပါ။

4. Happy Child’s Pose

ယောဂဖျာပေါ်မှာ ပက်လက်လှဲအိပ်ပြီး ခြေထောက်နှစ်ဖက်ကို ပုံမှာပြထားတဲ့အတိုင်း ကွေးပြီးမြှောက်ထားပေးပါ။ လက်နှစ်ဖက်က ခြေဖဝါးကိုထိထားပေးပါ။ အဲ့ပုံစံအတိုင်း မျက်စိမှိတ်ပြီး ၁၅ စက္ကန့် နေပေးပါ။ ဒီယောဂကျင့်စဉ်က အာရုံကြောစနစ် ကောင်းမွန်စေရုံတင်မဟုတ်ပဲ အစာခြေစနစ်လည်း ပိုကောင်းလာစေပါတယ်။

5. Seated Spinal Twist Pose

ပုံမှာပြထားတဲ့အနေအထားအတိုင်းထိုင်ပြီး ညာခြေထောက်ကိုကွေးပြီး ခြေမျက်စိနဲ့ဖျာနဲ့ထိနေပါ။ ဘယ်ခြေထောက်ကို ညာပို့ပြီး ထောင်ထားပါ။ ခြေဖဝါးနဲ့ဖျာနဲ့ထိနေပေးပါ။ ခါးကိုနည်းနည်းလိမ်ပြီး ထောင်ထားတဲ့ဘယ်ဘက်ဒူးပေါ်ကို ညာလက်တင်ကာ လက်ဖဝါးဖြန့်ထားပါ။ ဘယ်လက်ကတော့ ပုံထဲကအတိုင်း ထောက်ထားပါ။
အဲ့ပုံစံအတိုင်း ၁၀ စက္ကန့်နေကာ မျက်စိမှိတ်ထားပေးပါ။ အချိန်ပြည့်ရင် နောက်တစ်ဖက်ပြောင်းလုပ်ပြီး ၁၀ စက္ကန့်ထပ်နေပေးပါ။

source:www.womensok.com