ဆံပင်ပါးတဲ့သူတွေ၊ ဆံပင်အုံထူချင်တဲ့သူတွေအတွက် သိသိသာသာ ဆံပင်အုံထူလာစေဖို့ ကူညီပေးမယ့် သဘာဝနည်းလမ်း ၅ မျိုးကို ဖော်ပြပေးလိုက်ပါတယ်။

ကြက်ဥ

ကြက်ဥမှာက Protein ဓာတ်ကြွယ်ဝစွာပါလို့ ဆံပင်သန်ပြီး အုံထူစေပါတယ်။ ကြက်ဥ ၁ လုံး (သို့) ၂ လုံးကို ခလောက်ပြီး ဦးရေပြားနဲ့ ဆံပင်မှာ ပွတ်လိမ်းပေးပါ။ မိနစ် ၃၀ ထားပြီးမှ ရေကြက်သီးနွေးနဲ့ လောင်းချပြီး Mild Shampoo နဲ့ လျှော်ပေးပါ။

Orange Puree

Orange ကို Blend လုပ်ပြီး Puree ဖြစ်အောင် လုပ်ပေးပါ။ ပြီးရင် ဦးရေပြားနဲ့ဆံသားကို လိမ်းပေးပြီး တစ်နာရီထားပါ။ အချိန်ပြည့်မှ ခေါင်းလျှော်လိုက်ရုံပါပဲ။ ဒီနည်းလမ်းကလည်း ဆံပင်အုံထူစေတဲ့ နည်းလမ်းပါပဲ။

ထောပတ်သီး

ထောပတ်သီးတစ်လုံးကို အခွံခွာ၊ အစေ့ဖယ်ပြီး အထဲကအသားကိုခြစ်ယူပါ။ ပြီးရင် သံလွင်ဆီ စားပွဲတင်ဇွန်းတစ်ဇွန်းနဲ့ ရောမွှေပေးပါ။ မွှေပြီးရင် ဆံပင်နဲ့ဦးရေပြားကို လိမ်းပေးပြီး မိနစ် ၃၀ ထားပါ။ အချိန်ပြည့်ရင် Mild Shampoo နဲ့ လျှော်ပေးပါ။ ထောပတ်သီးမှာက Vitamin E ကြွယ်ဝစွာပါဝင်လို့ ဆံပင်အုံထူပြီး ဆံသားတောက်ပြောင်စေပါတယ်။

သံလွင်ဆီ

သံလွင်ဆီမှာက Omega-3 နဲ့ Nutrients တွေများစွာပါဝင်လို့ ဆံသားကျန်းမာရေးအတွက် အရမ်းကောင်းပါတယ်။ ဆံပင်အုံထူစေပြီး ဆံသားခြောက်သွေ့ပြီး ဖွာတာတွေ မဖြစ်စေပါဘူး။ ဆံသားနဲ့ဦးရေပြားကို တိုက်ရိုက်လိမ်းပေးပြီး Massage လုပ်နှိပ်နယ်ပေးပါ။ ပြီးရင် မိနစ် ၃၀၊ ၄၅ မိနစ်လောက် ထားပြီးမှ Mild Shampoo နဲ့ ခေါင်းလျှော်ပေးပါ။

Rosemary Oil

Rosemary Oil ကို ဆံသားနဲ့ဦးရေပြားမှာ တိုက်ရိုက်လိမ်းပေးပြီး ကြာကြာထား ပြီးမှ ခေါင်းလျှော်လိုက်ပါ။ Rosemary Oil က ဆံပင်အုံထူစေဖို့ ကူညီပေးပြီး ဦးရေပြားယားယံတာလည်း သက်သာစေပါတယ်။