မင်္ဂလာပါ ပျိုမေတို့ရေ။ မျက်နှာကြီးပြီး ဖောင်းနေတာ၊ မေးနှစ်ထပ်ဖြစ်နေတာတွေ ပြင်ချင်တဲ့ပျိုမေတို့အတွက် သဘာဝအတိုင်း V Shape မေးရိုးလေးပြန်ရအောင်လုပ်နိုင်မယ့် မျက်နှာလေ့ကျင့်ခန်းအချို့ကို ဖော်ပြပေးချင်ပါတယ်။ မျက်နှာဖောင်းတာက အသက်ငယ်ချိန်မှာ ချစ်စရာကောင်းပေမယ့် အရွယ်ရောက်လာတဲ့အခါ တော်တော်များများက မေးရိုးထင်းထင်း မျက်နှာသွယ်သွယ်ကိုမှ လိုချင်ကြတာများပါတယ်။ သင်ကိုယ်တိုင်လည်း မျက်နှာသွယ်ချင်တယ်ဆိုရင် ဒီဆောင်းပါးမှာပါတဲ့ လေ့ကျင့်ခန်းတွေက ခွဲစိတ်ပြုပြင်စရာမလိုဘဲ လွယ်လွယ်ကူကူနဲ့ သိသာလာဖို့ ကူညီပေးမှာပါ။

Cheekbone Lift

Photo Source: foreo.com

လက်ချောင်းတွေကို ပါးနှစ်ဖက်မှာတင်ပြီး မျက်နှာကြွက်သားတွေတင်းသွားတဲ့အထိ အပေါ်ပင့်တင်ပေးပါ။ ပင့်ထားပြီး ငါးစက္ကန့်လောက် ပါးစပ်ဟ ထားပေးရပါမယ်။ အလားတူ ၁၀ ကြိမ်မှ ၁၅ ကြိမ်ထိ ထပ်ခါထပ်ခါ ပြုလုပ်ပေးပါ။

Cheek Squeeze

ပါးနှစ်ဖက်ကို ပါးစပ်အတွင်းထဲစုပ်ပြီး ငါးပါးဟပ်ပုံစံလုပ်ပေးပါ။ ပါးဖောင်းတာသက်သာစေမှာဖြစ်ပြီး သူ့ကိုလည်း ငါးစက္ကန့်လောက်ထားကာ ၁၀ ကျော့ခန့်ပြုလုပ်ပေးနိုင်ပါတယ်။

Puffer Pose

Photo Source: foreo.com

မျက်နှာအရေးအကြောင်းပေါ်ခြင်းကိုပါ လျှော့ချပေးမယ့်လေ့ကျင့်ခန်းဖြစ်ပါတယ်။ ပါးစပ်ထဲ လေအပြည့်ဖောင်းကာ ပါးနှစ်ဖက်ဆီကို တစ်လှည့်စီပြောင်းပေးရမှာပါ။ စက္ကန့် ၃၀ လောက် လုပ်ပေးပြီး ခဏနားကာ နောက်တစ်ကျော့ထပ်လုပ်ပေးပါ။

Eyebrow Lifter

Photo Source: hy-vee.com

အလည်လက်ချောင်းသုံးချောင်းရဲ့ထိပ်တွေနဲ့ မျက်ခုံးတစ်ဝိုက် မျက်ခွံနေရာကိုထောက်ကာ ဖိတင်ပေးပါ။ ဒီအနေအထားအတိုင်း အသက်၀၀ရှုကာ စက္ကန့် ၂၀ လောက်ပင့်ထားပေးရပါမယ်။ ပြီးရင်တော့ ပြန်ချပြီး နောက်ထပ် သုံးကျော့လောက်ထပ်လုပ်ပေးပါ။

Jaw Flex

Photo Source: foreo.com

မျက်နှာကျက်ကို မော့ကြည့်ပြီး နှုတ်ခမ်းစေ့ကာ လည်ပင်းနဲ့မေးကြောတွေတင်းထားပေးပါ။ ၁၀ စက္ကန့်လောက်ထားပြီး ပြန်ချနိုင်ပါတယ်။ မေးချွန်လာစေတာမို့ ဒီလေ့ကျင့်ခန်းကိုလည်း ကိုယ်လုပ်နိုင်သလောက် ၅ ကျော့မှ ၁၀ကျော့အထိ လုပ်ပေးသင့်ပါတယ်။

Photo Source: Pinterest

By MyStyle Myanmar