ဘေးဘက်မှာ အဆီပိုတွေထွက်နေရင် အဝတ်အစားအကျပ်တွေဝတ်တဲ့အခါ အဆီရှိနေတာ သိသာစေပါတယ်။ အထူးသဖြင့် ဂျိုင်းအောက်ဘက်၊ ခါးဘေးနဲ့ ဝမ်းဗိုက်နေရာတွေမှာပါ။ ဒါကြောင့် ဘေးဘက်ကအဆီပိုတွေ သိသိသာသာလျော့ကျသွားစေမယ့် လေ့ကျင့်ခန်း ၅ ခုကို မျှဝေပေးလိုက်ပါတယ်။

ယောဂဖျာပေါ်လှဲပြီး ပုံမှာပြထားတဲ့အတိုင်း ခြေထောက်နဲ့လက်ကို ဆန့်ထုတ်ပြီး မြှောက်ထားပေးရပါမယ်။ မြှောက်ပြီးရင် ပြန်ချပါ။ ပြီးရင် ပြန်မြှောက်ပါ။ အဲ့အတိုင်း အကြိမ် ၂၀ လုပ်ရပါမယ်။ ပြည့်သွားရင် နောက်ထပ် ၂ ကျော့ ထပ်လုပ်ပေးပါ။ စုစုပေါင်း အကြိမ်အရေအတွက် ၆၀ ဖြစ်ရပါမယ်။

ယောဂဖျာပေါ်မှာ ပုံမှာပြထားတဲ့အတိုင်း ခြေထောက်ကိုကွေးပြီးမြှောက်ကာ လက်နဲ့ခြေထောက်နှစ်ဖက်ကို ဆုပ်ကိုင်ထားပေးပါ။ အဲ့အနေအထားနဲ့ စက္ကန့် ၆၀ နေပေးရပါမယ်။ စက္ကန့် ၆၀ မနေနိုင်ရင် စက္ကန့် ၃၀ စီ ၂ ကြိမ်ခွဲလုပ်ပေးလို့ရပါတယ်။

Push-ups လေ့ကျင့်ခန်းကတော့ ဒိုက်ထိုးတာပါပဲ။ ခြေထောက်နဲ့ခါးကို ဆန့်ထားပြီး ပုံမှာပြထားသလိုပဲ လက်ကို ဆန့်တန်းနေအောင်ထောက်ပါ။ ပြီးရင် ဒိုက်ထိုးသလို လက်ကိုကွေးပြီး ခန္ဓာကိုယ်ကိုအောက်ချပါ။ ပြီးရင် ပုံထဲကအနေအထားအတိုင်းပြန်လုပ်ပါ။ အကြိမ် ၃၀၊ ၃ ခါ လုပ်ပေးရပါမယ်။ စုစုပေါင်းအကြိမ်အရေအတွက် ၉၀ ပါ။ ၉၀ မလုပ်နိုင်ရင် ၆၀ ပဲလုပ်ပေးလို့လည်း ရပါတယ်။

ပုံမှာပြထားတဲ့အတိုင်း အရှေ့ကိုကုန်းရမှာပါ။ ခြေထောက်နှစ်ချောင်းက ကွေးနေလို့မရပါဘူး။ ဆန့်နေရပါမယ်။ လက်ဖဝါးနှစ်ဖက်က ကြမ်းကိုထိထားရပါမယ်။ ပြီးရင် မတ်တပ်ရပ်အနေအထား ပြန်နေပါ။ ပြီးရင်ပြန်လုပ်ပါ။ အဲ့အတိုင်း ၁၅ ကြိမ်၊ ၃ ခေါက်လုပ်ရပါမယ်။ စုစုပေါင်းလုပ်ရမယ့် အကြိမ်အရေအတွက်က ၄၅ ကြိမ်ပါ။

ဒီလေ့ကျင့်ခန်းကတော့ အလေးလိုပါတယ်။ အလေးမရှိရင်လည်း အိမ်မှာအလွယ်တကူရှိတဲ့ ငရုပ်ကျည်ပွေ့၊ လေးတဲ့အရာတစ်ခုခုနဲ့ လုပ်ပေးနိုင်ပါတယ်။ ခြေထောက်ကိုဆန့်ထားပြီး ပုံမှာပြထားတဲ့အတိုင်း အလေးကိုင်ထားတဲ့ဘက်ကို ခါးစောင်းပေးပါ။ ပြီးရင် ပြန်မတ်ပါ။ အဲ့အတိုင်း ဘယ်ဘက် အကြိမ် ၂၀၊ ညာဘက်အကြိမ် ၂၀ စီ ၃ ခေါက်လုပ်ရပါမယ်။

source:www.brightside.me