ဝမ်းချုပ်တယ်ဆိုရင် လေ့ကျင့်ခန်း (သို့) ယောဂ တစ်ခုခု လုပ်ပေးသင့်ပါတယ်။ ဝမ်းချုပ်တာက ကြာလာရင် လိပ်ခေါင်းဖြစ်တတ်သလို ကျန်းမာရေးအတွက်လည်း မကောင်းပါဘူး။ ဒါကြောင့် ဝမ်းချုပ်တဲ့သူတွေ နေ့စဉ်ပုံမှန်လုပ်ပေးသင့်တဲ့ လွယ်ကူသော ယောဂကျင့်စဉ် ၅ မျိုးကို မျှဝေပေးလိုက်ပါတယ်။

Supine Twist

ပထမပုံထဲကလို ကြမ်းပြင်မှာလှဲပြီး ခြေထောက်နှစ်ဖက်ကို ကွေးထားပါ။ ပြီးရင် ဒုတိယပုံထဲကလို ခြေထောက်တစ်ဖက်ကို ဆန့်ထုတ်လိုက်ပါ။ ပြီးရင်တော့ တတိယပုံထဲကလို ကွေးထားတဲ့ခြေထောက်ကို ဆင်းထားတဲ့ခြေထောက်ဘက် ချလိုက်ပါ။ အဲ့လို ၃ မျိုးလုံးလုပ်ပြီးမှ ၁ ကြိမ် လို့ သတ်မှတ်ရပါမယ်။ အဲ့အတိုင်းပဲ တစ်လှည့်စီ ၅ ကြိမ်လုပ်ပေးပါ။ အကြိမ်ရေပြည့်ရင် ခြေထောက်ကို ဘယ်ညာပြောင်းပြီး နောက်ထပ် ၅ ကြိမ် ထပ်လုပ်ပေးပါ။

Matsyasana Twist

ဒီယောဂကျင့်စဉ်ဆိုလည်း ပုံမှာလုပ်ပြထားတဲ့ အနေအထား ၃ မျိုးကို တစ်ဆင့်ချင်းစီ ပြောင်းလုပ်ပေးသွားပါ။ ၃ မျိုးလုံးလုပ်ပြီးမှ ၁ ကြိမ်လို့ သတ်မှတ်ရပါမယ်။ ခုနကလိုပဲ ၅ ကြိမ်လုပ်ပြီး အကြိမ်ရေပြည့်ရင် ခြေထောက်ကို ဘယ်ညာပြောင်းကာ ၅ ကြိမ် ထပ်လုပ်ပေးပါ။

Crescent Twist

ပထမပုံထဲကလို အနေအထားနဲ့ အရင်စနေပါ။ ပြီးရင် ဒုတိယပုံထဲကလို ပြောင်းလုပ်ပါ။ ဒီယောဂကျင့်စဉ်မှာ ၂ မျိုးလုံးပြီးမှ ၁ ကြိမ်လို့သတ်မှတ်ပြီး ၅ ကြိမ်ပဲလုပ်ပေးပါ။ ပြီးရင်တော့ ခြေထောက်ကို ဘယ်ညာပြောင်းပြီး နောက်ထပ် ၅ ကြိမ် ထပ်လုပ်ပေးရပါမယ်။

Wind-Relieving Pose

ဒီယောဂကျင့်စဉ်ကျတော့ ပုံမှာလုပ်ပြထားတဲ့အတိုင်း ၁ မိနစ်၊ ၂ မိနစ်လောက် နေပေးရပါမယ်။

Child’s Pose

ပထမပုံထဲကလို အနေအထားနဲ့ အရင်စပြီးနေပါ။ ပြီးရင် ဒုတိယပုံထဲကလို ပြောင်းလုပ်ပြီး အသက်ကို ခပ်ပြင်းပြင်း ရှိုက်ရှူလိုက်ပါ။ ပြီးရင် ပထမပုံထဲကလို ပြန်နေပါ။ အဲ့အတိုင်း တစ်လှည့်စီ ၅ ကြိမ်မှ ၁၀ ကြိမ်အထိ လုပ်ပေးရင် ရပါပြီ။