ဝိတ်ကျချင်ပေမယ့် လေ့ကျင့်ခန်းတွေလုပ်ရမှာကို ပျင်းနေတဲ့သူတွေ၊ လေ့ကျင့်ခန်းအများကြီးလုပ်ဖို့ အချိန်မပေးနိုင်တဲ့သူတွေ ရှိမှာပါ။ ဒီလိုလူတွေအတွက်လည်း အဆင်ပြေအောင် ဝိတ်ကျချင်သူများအတွက် အိမ်မှာအလွယ်တကူလုပ်လို့ရမယ့် လေ့ကျင့်ခန်း ၅ ခုကို ဖော်ပြပေးလိုက်ပါတယ်။ အများကြီးမလုပ်နိုင်ရင်တောင်မှ ဝိတ်ကျချင်တယ်ဆိုရင် ဒီ ၅ ခုကိုတော့ လုပ်ပေးသင့်ပါတယ်။

ပြေးခြင်း၊ လမ်းလျှောက်ခြင်း

မနက်ပိုင်း (သို့) ညနေပိုင်းမှာ ပြေးပေးတာ၊ လမ်းလျှောက်ပေးတာတွေက အလွယ်ကူဆုံးဖြစ်မှာပါ။ ဒီလိုလုပ်ပေးခြင်းက ကယ်လိုရီတွေလောင်ကျွမ်းစေပြီး ဝိတ်ကျစေပါတယ်။ ကျန်းမာရေးလည်း ကောင်းစေပါတယ်။

ကြိုးခုန်ခြင်း

ငယ်ငယ်တုန်းကလည်း ကြိုးခုန်ပြီး ကစားဖူးမှာပါ။ ကြိုးခုန်တာက ပျော်စရာကောင်းတဲ့ လေ့ကျင့်ခန်းတစ်ခု ဖြစ်ပါတယ်။ တစ်နေ့ကို ၁၅ မိနစ်ကနေ ၃၀ မိနစ်အထိ ပုံမှန်ကြိုးခုန်ပေးခြင်းက ဝိတ်ကျပြီး ကိုယ်ရည်စစ်စေပါတယ်။ Stress တွေလည်း လျော့ကျသွားစေပါတယ်။

Push-ups

Push-ups လေ့ကျင့်ခန်းက အရမ်းပေါ်ပြူလာဖြစ်တဲ့ လေ့ကျင့်ခန်းတစ်ခုပါ။ ဝိတ်ကျစေဖို့ ကူညီပေးတဲ့ လေ့ကျင့်ခန်းဖြစ်သလို ကြွက်သားတွေသန်မာစေပြီး အချိုးအစားကျစေဖို့လည်း အထောက်အကူဖြစ်ပါတယ်။

Planks

Planks ထောက်ပေးခြင်းက အချိန်ကြာကြာလုပ်နိုင်လေ ဝိတ်ကျပြီး ဗိုက်ချပ်လေပါပဲ။ ဝိတ်ကျချင်တယ်၊ အဆီကျချင်တယ်၊ ဗိုက်ချပ်ချင်တယ်ဆိုရင်တော့ ဒီလေ့ကျင့်ခန်းကို မဖြစ်မနေလုပ်ရပါမယ်။

Squats

Squats ထိုင်ပေးခြင်းက ခန္ဓာကိုယ်အောက်ပိုင်း အဆီတွေကျစေပြီး ကျစ်လစ်လာစေပါတယ်။ ကယ်လိုရီတွေလောင်ကျွမ်းစေပြီး ခန္ဓာကိုယ်အချိုးအစား ပိုလှလာစေပါတယ်။