သွားတွေဝါညစ်နေလို့ စိတ်ညစ်နေရတဲ့သူတွေနဲ့ သွားဖြူချင်တဲ့သူတွေအတွက် ပုလဲလိုဖြူတဲ့သွားလေးတွေကို ရရှိပိုင်ဆိုင်စေဖို့ ပုံမှန်လုပ်ပေးသင့်တဲ့ သဘာဝနည်းလမ်းကောင်း ၃ မျိုးကို မျှဝေပေးလိုက်ပါတယ်။ သဘာဝအိမ်တွင်းဖြစ်နည်းလမ်းတွေ ဖြစ်တာကြောင့် ငွေကုန်ကြေးကျလည်း အရမ်းသက်သာပါတယ်။ ဒါကြောင့် လူတိုင်းအတွက် အဆင်ပြေစေမှာပါ။

လိမ္မော်ခွံ

လိမ္မော်ခွံနဲ့ သွားကို ၂ မိနစ်လောက် ပွတ်တိုက်ပေးပြီး အာလုတ်ကျင်းပေးပါ။ ပြီးရင်တော့ သွားပွတ်တံထဲ သွားတိုက်ဆေးထည့်ပြီး သွားပြန်တိုက်ပေးပါ။ နေ့တိုင်းပုံမှန်လုပ်ပေးမယ်ဆိုရင်တော့ သွားဝါညစ်နေတာတွေ သက်သာပြီး တစ်ဖြေးဖြေးနဲ့ ဖြူလာပါလိမ့်မယ်။ စိတ်ရှည်ပြီး ပုံမှန်လုပ်ပေးဖို့တော့ လိုပါတယ်။

အုန်းဆီ

အုန်းဆီစစ်စစ်ကို စားပွဲတင်ဇွန်းတစ်ဇွန်းစာယူပြီး လက်ညှိုးလေးနဲ့ပဲ သွားတိုက်ပေးပါ။ မိနစ် ၂၀ လောက်တော့ တိုက်ပေးရပါမယ်။ ပြီးရင်တော့ ရေနဲ့အာလုတ်ကျင်းပြီး သွားတိုက်ဆေးနဲ့ ပုံမှန်အတိုင်း သွားပြန်တိုက်ပေးပါ။

သံပယိုရည်နဲ့မုန့်ဖုတ်ဆိုဒါ

မုန့်ဖုတ်ဆိုဒါ – လက်ဖက်ရည်ဇွန်း ၃ ဇွန်းနဲ့ သံပယိုရည်တို့ကို ပျစ်ပျစ်လေးဖြစ်အောင် ရောမွှေပါ။ ပြီးရင်တော့ သွားပွတ်တံနဲ့ယူပြီး ၂ မိနစ်လောက် သွားတိုက်ပေးပါ။ အချိန်တိုအတွင်းမှာ သိသာတဲ့ရလဒ်ကို ရရှိစေပါတယ်။

Apple Cider Vinegar

Apple Cider Vinegar ကိုယူပြီး သွားကိုပွတ်တိုက်ပေးရုံပါပဲ။ ၁ မိနစ် ၊ ၂ မိနစ်လောက် ပွတ်တိုက်ပေးရင် ရပါပြီ။ ပြီးရင်တော့ ရေနဲ့အာလုတ်ကျင်းပေးပါ။ ပုံမှန်စွဲလုပ်ပေးရင်တော့ ပုလဲလိုဖြူတဲ့သွားလေးတွေကို ရရှိစေမှာပါ။

စတော်ဘယ်ရီနဲ့မုန့်ဖုတ်ဆိုဒါ

ဒီနည်းလမ်းကတော့ စတော်ဘယ်ရီပေါ်ချိန်မှာ လုပ်လို့ရမယ့်နည်းလမ်း ဖြစ်ပါတယ်။ စတော်ဘယ်ရီသီး ၃ လုံး၊ မုန့်ဖုတ်ဆိုဒါ – လက်ဖက်ရည်ဇွန်းတစ်ဝက်နဲ့ ဆား – အနည်းငယ်တို့ကို ရောကြိတ်ပြီး ကျေညက်သွားအောင် ချေပေးပါ။ ပြီးရင်တော့ လက် (သို့) သွားပွတ်တံနဲ့ယူပြီး သွားကိုပွတ်တိုက်ပေးပါ။ ပွတ်တိုက်ပြီးရင် ၅ မိနစ်လောက်ထားပြီးတော့မှ အာလုတ်ကျင်းပေးပါ။