ဆံပင်ကောက်ထားတဲ့သူပဲဖြစ်ဖြစ်၊ နဂိုဆံပင်အကောက်ကိုပဲဖြစ်ဖြစ် ပျက်စီးတာမျိုးမဖြစ်ပဲ လှပနေဖို့အတွက် လွယ်ကူတဲ့ထိန်းသိမ်းနည်း ၅ မျိုးကို မျှဝေပေးလိုက်ပါတယ်။ အရမ်းလွယ်ကူတာကြောင့် မပျင်းပဲ ပုံမှန်လုပ်ပေးသင့်ပါတယ်။

Conditioner သုံးပါ

ခေါင်းလျှော်တိုင်းမှာ shampoo နဲ့လျှော်ပြီးရင် conditioner လေးပါ ထပ်သုံးပေးပါ။ ဒါမှ ဆံသားပျက်စီးတာ သက်သာပြီး ဆံသားကြမ်းတာ သက်သာစေမယ်။ ဆံသားခြောက်ပြီး ဖွာတာတွေ သက်သာမယ်၊ ဆံသားပျော့ပြောင်းပါမယ်။

Hair serum သုံးပါ

ကောက်ထားတဲ့ဆံသားပဲဖြစ်ဖြစ်၊ နဂိုဆံပင်အကောက်ပဲဖြစ်ဖြစ် hair serum သုံးကိုသုံးပေးရပါမယ်။ Hair serum သုံးမှ ဆံသားခြောက်ပြီး ဖွာတာမျိုးမဖြစ်ပဲ ဆံသားအတွက်လိုအပ်တဲ့ moisture ကို ရရှိစေမှာပါ။

Silk pillowcase သုံးပါ

ခေါင်းအုံးစွပ် pillowcase ကို ရိုးရိုးချည်သားမသုံးပဲ silk pillowcase သုံးပေးတာက ဆံသားငြိတာ၊ ရှုပ်ထွေးတာ၊ ကျွတ်တာကို သက်သာစေပါတယ်။ ဆံပင်အကောက်ဆိုရင် ပိုပြီးရှုပ်ထွေးတယ်၊ ပိုပြီးငြိပါတယ်။ ဒါကြောင့် silk pillowcase သုံးပေးပါ။

လေ့ကျင့်ခန်းလုပ်တဲ့အချိန်မှာဆံပင်စည်းထားပါ

လေ့ကျင့်ခန်းလုပ်တဲ့အချိန်မှာ ခန္ဓာကိုယ်တင်မဟုတ်ပဲ ဦးရေပြားကပါ ချွေးထွက်ပါတယ်။ ဒီတော့ ဆံပင်တွေလည်း စေးပြီး ရှုပ်ထွေးတာတွေ ပိုဖြစ်ပါတယ်။ ဒါကြောင့် လေ့ကျင့်ခန်းလုပ်တဲ့အချိန်မှာ ဆံပင်စည်းထားဖို့ လုံးဝမမေ့ပါနဲ့။

ဆံပင်ရေစိုနေချိန်မှာပုံသွင်းပါ

ကောက်သားလှဖို့အတွက် ပုံသွင်းမယ်ဆိုရင် ခေါင်းလျှော်ပြီး ဆံပင်ရေစိုနေတဲ့အချိန်မှာ ပုံသွင်းပေးတာက ပိုအဆင်ပြေပါတယ်။ ကောက်သားပိုပေါ်လွင်စေပြီး ပုံသွင်းထားတာလည်း ပိုပြီးကြာရှည်ခံစေပါတယ်။ ပုံသွင်းပြီးရင် hair serum လေး လိမ်းပေးလိုက်ပါ။