မိတ်ကပ်က မိန်းကလေးအများစုရဲ့ နေ့စဉ်ဘဝမှာ အရေးပါတဲ့ အစိတ်အပိုင်းတစ်ခုဖြစ်နေပါပြီ။ ဒါပေမယ့် သင့်က မိတ်ကပ်နဲ့ပက်သတ်ပြီး ဘာမှမသိသေးဘူး ဒါမှမဟုတ် ခုမှမိတ်ကပ်စလိမ်းမယ့်ဆယ်ကျော်သက်ဆိုရင် ဒီအချက်တွေက သင့်အတွက် အများကြီးကူညီပေးမှာပါ။

ဒါကတော့ ပထမဆုံး အကြိမ် မိတ်ကပ်လိမ်းတဲ့အခါ မိနစ်ပိုင်းအတွင်း အကောင်းဆုံးပုံစံရရှိစေဖို့ မိန်းကလေးတိုင်း သိထားသင့်တဲ့ မိတ်ကပ်နဲ့ပက်သတ်တဲ့ အခြေခံအချက်တွေပါ။

Toner

အရင်ဆုံး မိတ်ကပ်မလိမ်းခင် မျက်နှာကိုအရင်သစ်လိုက်ပါ။ ပြီးရင် မျက်နှာကို Toner ဒါမှမဟုတ် Cotton Pad နဲ့ သေချာသုတ်ပေးပါ။ ဒါမှ မျက်နှာကို သေချာသန့်ရှင်းစေမှာပါ။ Toner ခြောက်သွားပြီဆိုရင် ကိုယ့်အသားအရေနဲ့သင့်တော်တဲ့ Moisturiser ကို လိမ်းပေးပါ။

Foundation

Foundation လိမ်းတဲ့အခါ လက် ဒါမှမဟုတ် Sponge သုံးပြီး မျက်နှာကိုလိမ်းပေးပါ။ ပြီးရင် မျက်လုံးကို Concealer နဲ့ ဖုံးလိုက်ပါ။

Eye Makeup

အရင်ဆုံး မျက်ခွံပေါ်မှာ Eyeshadow ကို စက်ဝိုင်းပုံသဏ္ဍာန် လိမ်းပေးပါ။ ပြီးရင် မျက်လုံးကို Eyeliner ဆွဲပြီး မျက်တောင်ကော့ဖို့ Mascara ကို သုံးပေးပါ။ Mascara လိမ်းပြီးရင်တော့ Eye makeup လိမ်းတာပြီးပါပြီ။

Blusher

Eye Makeup လိမ်းပြီးရင်တော့ ပါးကိုအရောင်ခြယ်ဖို့ Blusher နဲ့ အရောင်တင်လိုက်ပါ။

Lipsticks

နောက်ဆုံးမှာ ဝတ်မယ့်ဝတ်စုံနဲ့လိုက်ဖက်တဲ့ နှုတ်ခမ်းနီဆိုးပြီး အလှပြင်တာကိုအဆုံးသတ်လိုက်ပါ။

Highlighter

မျက်နှာရဲ့ မေးရိုး၊ နှာခေါင်းနဲ့ နဖူးတို့ကို အသားပေးချင်ရင်တော့ Highlighter ကို သုံးလို့ရပါတယ်။ ဒါပေမယ့် အလွန်အကျွံမဖြစ်ဖို့တော့ ဂရုစိုက်ပါ။ မဟုတ်ရင် သင့်မိတ်ကပ်ပုံစံကို ပျက်စီးစေနိုင်ပါတယ်။