ဆံဖျားနှစ်ခွပြဿနာကို ဘယ်လိုဖြေရှင်းရမှန်းမသိလို့ စိတ်ညစ်နေလား။ ဒါဆိုရင်တေ့ာ နည်းလမ်းကောင်း ၅ ခုကို MyStyle Myanmar ကနေမျှဝေပေးချင်ပါတယ်။

မကြာခဏဆိုသလို ဆံပင်ဖြောင့်တာ၊ အခြောက်ခံတာ၊ ဆံပင်ကောက်တာတွေက ဆံသာတွေကို ပျက်ဆီးစေပြီး ဆံဖြားနှစ်ခွဖြစ်စေပါတယ်။

၁။ ထောပတ်သီးကိုသုံးပါ။

ထောပတ်သီးမှည့်မှာ သဘာ၀ အဆီဓါတ်ပါဝင်ပြီး ဆံသားတွေကို ထိထိရောက်ရောက်တောက်ပြောင် သန်စွမ်းစေပါတယ်။ ပရိုတင်းဓါတ်၊ အဆီဓါတ်၊ ဗီတာမင်နဲ့ ဆံသားတွေကို ရေဓါတ်ဖြည့်တင်းပေးနိုင်တဲ့ ဓါတ်တွေပါဝင်ပါတယ်။ ထောပတ်သီးမှည့် ၁ လုံးကို ပြဲအောင်လုပ်လိုက်ပါ။ သံလွင်ဆီ စားပွဲတင်ဇွန်း ၂ ဇွန်းထည့်ပါ။ ပြီးရင် နာရီဝက်လောက်ထးပြီး ခေါင်းလျှော်ရည် ပေါင်းဆေးတို့သုံးကာ ခေါင်းလျှော်ချပါ။

၂။ ဘီယာ

ဘီယာဟာလည်း သင့်ရဲ့ ဆံကေသာကို တောက်ပြောင်သန်စွမ်းစေပါတယ်။ အရင်ဆုံး ဆံပင်အရင်းကနေ အဖျားထိ ဘီယာလောင်းချပေးပါ။ (သို့) ဘီယာကို ဆလုံတစ်ခုထဲထည့်ပြီး ဦးရေပြားနဲ့ ဆံပင်အရင်းကနေ အဖျားထိလိမ်းပေးပါ။ သေချာစိုသွားအောင်လုပ်ပါ။ ပြီးရင် မိနစ် ၂၀ လောက်ထားပြီး ခေါင်းလျှော်ရည် ပေါင်းဆေးတို့နဲ့ ခေါင်းလျှော်ချပေးပါ။

၃။ Mayonnaise သုံးမယ်

Mayonnaise ဟာ ဆံကေသာအတွက်ကောင်းမွန်ပါတယ်။ ဆန်းဒဝှစ်တို့၊ ဘာဂါတို့လုပ်စားတဲ့နေရာမှာ ထည့်သုံးရတဲ့ Mayonnaise မှာ ပရိုတင်းဓါတ်နဲ့ အဆီဓါတ်ပါဝင်ပြီး ဆံကေသာကို ရေဓါတ်ဖြည့်တင်းပေးသလို ပြန်လည်နုပျိုစေပါတယ်။ Mayonnaise မှာ ကြက်ဥလည်းပါဝင်ပါတယ်။ Mayonnaise ကို ဆံကေသာအရင်းကနေ အဖြားထိ လိမ်းပေးပြီး မိနစ် ၂၀ – နာရီဝက်လောက်ထားပါ။ ပြီးရင် ခေါင်းလျှော်ချပေးပါ။

၄။ သံလွင်ဆီသုံးမယ်

သံလွင်ဆီကို ဆံကေသာအလှအတွက်အသုံးပြုနိုင်ပါတယ်။ သံလွင်ဆီက ဆံပင်ပေါက်တဲ့အမြစ်လေးတွေကို အားဖြည့်ပေးပြီး ဆံကေသာကို သန်စွမ်းစေပါတယ်။ သံလွင်ဆီကို Microwave နဲ့ အပူပေးလိုက်ပါ။ ပြီးရင် ဦးရေပြားနဲ့ ဆံကေသာ အရင်းကနေ အဖြားထိသေချာလိမ်းပေးပါ။ မိနစ် ၂၀ လောက်ထားပြီး ခေါင်းလျှော်ရည် ပေါင်းဆေးတို့နဲ့ ခေါင်းလျှော်ချပေးပါ။

၅။ ဆံပင်အဖြားလေးတွေကို တိပေးမယ်

ဆံပင်အဖျားလေးတွေကို နည်းနည်းလောက်တိပေးရပါမယ်။ အိမ်မှာတိတာထက် ဆိုင်တွေမှာ တိခိုင်းတာပိုကောင်းပါတယ်။ မဟုတ်ရင်ဆံပင်အတိုအရှည်မညီဘဲ ဖြစ်နေတတ်ပါတယ်။