လက်သည်းပုံဖော်ရတာ ဝါသနာပါတဲ့ပျိုမေတို့အတွက် အိမ်မှာကိုယ်တိုင် အလွယ်တကူပုံဖော်လို့ရတဲ့ လက်သည်းပုံဖော်နည်းတွေကို မျှဝေပေးလိုက်ပါတယ်။ ဒီနည်းလေးတွေသိထားတော့ ပိုက်ဆံကုန်လည်း သက်သာတာပေါ့။

လက်သည်းနီ ၃ ရောင်ကို ဖော့မှာ သုတ်ပြီး လက်သည်းမှာ ဖိချလိုက်ပါ။ ပြီးရင်တော့ အကြည်လေးထပ်ဆိုးပေးလိုက်ရုံပါပဲ။ ဒါဆိုရင်တော့ လှပတဲ့အရိပ်ပုံစံကာလာအရော လက်သည်းဒီဇိုင်းလေး ပုံဖော်ပြီးသွားပြီပဲဖြစ်မှာပါ။

လက်သည်းနီအဖြူဆိုးပြီး လက်သည်းကပ်တဲ့တိတ်လေး ၂ ခုကို ကပ်လိုက်ပါ။ ပြီးမှ အဲ့တိတ်ကြားလေးထဲမှာ လက်သည်းနီအနက်ရောင်ကို ဖြည့်လိုက်ပါ။ ပြီးရင်တော့ တိတ်ကိုဆွဲခွွာပြီး လက်သည်းနီအကြည်ကိုဆိုးလိုက်ပါ။ နောက်ဆုံးမှာမှ ကျောက်လေးကပ်ပေးလိုက်ရုံပါပဲ။ ဒါဆိုရင်တော့ ရိုးရိုးရှင်းရှင်းလေးနဲ့ လှပတဲ့လက်သည်းဒီဇိုင်းလေး ပုံဖော်တာ ပြီးသွားပါပြီ။

လက်သည်းနီအကြည်လေးဆိုးပြီး လက်သည်းကပ်တဲ့တိတ်လေးတွေကို ကပ်လိုက်ပါ။ ပြီးရင်တော့ အပေါ်ကနေ ကိုယ်ကြိုက်နှစ်သက်ရာအရောင်ကိုဆိုးပြီး တိတ်တွေဆွဲခွွာလိုက်ပါ။ နောက်ဆုံးမှာမှ လက်သည်းနီအကြည်ကို ထပ်ဆိုးပေးလိုက်မယ်ဆိုရင်တော့ လှပတဲ့လက်သည်းလေး ဖြစ်သွားမှာပါ။

လက်သည်းနီဆိုးပြီးခြောက်သွားတဲ့အချိန်မှာမှ ထိပ်နားမှာတစ်စောင်းလေး လက်သည်းနီအနက်ရောင်ကို ဆိုးပေးပါ။ ပြီးမှ အလက်လက်လေးတွေကို တစ်စောင်းလေးလိုက်ထည့်ပါ။ အားလုံးပြီးရင်တော့ လက်သည်းနီအကြည်လေးဆိုးပေးလိုက်တာနဲ့ ချစ်စရာကောင်းတဲ့ ရိုးရိုးရှင်းရှင်းလက်သည်းဒီဇိုင်းလေး ဖြစ်သွားပါပြီ။

လက်သည်းနီအကြည်ဆိုးပြီး လက်သည်းကပ်တဲ့တိတ်ကို နှစ်ခုကပ်လိုက်ပါ။ ကပ်ပြီးရင် အောက်ဘက်မှာ ရွှေရောင်ကို ဖြည့်ဆိုးပေးပြီး ထိပ်မှာတော့ အနက်ရောင်လေး ဆိုးလိုက်ပါ။ အလယ်မှာမှ အလက်လက်လေးတွေပါတဲ့ လက်သည်းနီအကြည်ကို ဖြည့်ဆိုးပေးလိုက်ပါ။ နောက်ဆုံးမှာတော့ လက်သည်းနီအကြည်ကို ဆိုးပေးပါ။ ဒါဆိုရင်တော့ လှပတဲ့လက်သည်းဒီဇိုင်းလေးကို လွယ်လွယ်ကူကူနဲ့ ပုံဖော်ပြီးသွားပါပြီ။

Source: www.gabbymorris