အမဲစက်ဆိုတာကလည်း ဝက်ခြံတစ်မျိုးပါပဲ။ အဲဒါတွေကို ဖောက်ဖို့ စဉ်းစားနေတယ်ဆိုရင် ပြဿနာကို ပိုဆိုးသွားစေတာမလို့ မလုပ်ပါနဲ့။ ပါးပေါ်က အမဲစက်တွေကိုဖယ်ဖို့ သဘာဝအတိုင်း ဖယ်လို့ရတဲ့ အိမ်တွင်းကုထုံးတွေ ရှိပါတယ်။

ဒါတွေကတော့ ပါးပေါ်က အမဲစက်တွေကို ဖယ်ရှားပေးနိုင်တဲ့ အိမ်တွင်းကုထုံးတွေပါ။

1. Sugar scrub

အဖြူရောင် သို့မဟုတ် အညိုရောင် သကြား ခွက်တစ်ဝက်ကို အုန်းသီး၊ သံလွင်၊ ဗာဒံသီး သို့မဟုတ် ဂျိုဂျိုဘာဆီ ၃ ဇွန်းနဲ့ရောပြီး မျက်နှာကိုလိမ်းပေးပါ။ ၁၅ မိနစ်လောက်ထားပြီးမှ ရေနွေးနွေးနဲ့ဆေးချပါ။

2. Tea tree oil

အရင်ဆုံး Cleanser နဲ့မျက်နှာသစ်ပြီး ရေနွေးနွေးလေးနဲ့ မျက်နှာထပ်သစ်ပါ။ မျက်နှာကို ခြောက်အောင်သုတ်ပါ။ Tea tree oil ကို Cotton အလုံးလေးနဲ့ယူပြီး မျက်နှာကိုလိမ်းပေးပါ။ 15 မိနစ် 20 မိနစ်လောက်ထားပြီးမှ ရေဆေးချလိုက်ပါ။

3. Honey scrub

သကြား 1 ဇွန်း ၊ ပျားရည် 1 ဇွန်း နဲ့ သံပုရာရည်နည်းနည်းကို ရောပြီး scrub အနေနဲ့ မျက်နှာကို ဖြည်းဖြည်းချင်း လိမ်းပေးပါ။ ပြီးမှ ရေဆေးချပါ။

4. Egg-white face mask

အရင်ဆုံး ကြက်ဥ ၃-၅ လုံးကို အနှစ်နဲ့အကာ ခွဲလိုက်ပါ။ ကြက်ဥအကာကို မျက်နှာပေါ်လိမ်းပြီး တစ်ရှူးစက္ကူနဲ့ အုပ်ပြီး ခြောက်အောင်ထားပါ။ ကြက်ဥအကာကို နှစ်လွှာကနေ လေးလွှာအထိ လိမ်းလို့ရပေမယ့် ပထမတလွှာမ လုံးဝခြောက်သွားမှ နောက်တလွှာလိမ်းပါ။

ပြီးမှ တစ်ရှူးတွေကို ဖယ်ပြီး မျက်နှာကို သန့်စင်ပေးပါ။ မျက်နှာကို ခြောက်အောင်သုတ်ပြီး Moisturizer လိမ်းပေးပါ။

5. Green tea

အစိမ်းရောင် လက်ဖက်စိမ်းအရွက် 1-2 ဇွန်းကို ရေတစ်ဝက်ခွက်နဲ့ရောပြီး ပျစ်နေအောင် ချေပေးပါ။ ပြီးမှ အမဲစက်ရှိတဲ့နေရာကို 15-20 မိနစ်လောက် လိမ်းပေးပြီး ကြက်သီးနွေးရေနဲ့ ဆေးချပါ။