အသားပတ်တာကတော့ အထူးသဖြင့် ဆောင်းရာသီ အရမ်းအေးတဲ့နေရာဒေသတွေမှာ အဖြစ်များပါတယ်။ အသားခြောက်တဲ့အဆင့်ထက်ကျော်ပြီး အသားပတ်လာပြီဆိုရင်တော့ Moisturizer တွေ Lotion တွေ လိမ်းရုံနဲ့တင် မရတော့ပါဘူး။ ဒါကြောင့် အသားပတ်တာပျောက်စေမယ့် အလွယ်ကူဆုံးနည်းလမ်း ၅ မျိုးကို မျှဝေပေးလိုက်ပါတယ်။

အုန်းဆီ

အုန်းဆီ – စားပွဲတင်ဇွန်း ၁ ဇွန်းကို အပူပေးပြီး နွေးလာပြီဆိုရင် အသားပတ်တဲ့နေရာကို တိုက်ရိုက် ပွတ်လိမ်းပေးပါ။ အသားပတ်တာ သက်သာပျောက်ကင်းစေပါတယ်။

Essential Oils

Tea Tree Oil – ၃ စက်ကို အုန်းဆီ – လက်ဖက်ရည်ဇွန်း ၁ ဇွန်းနဲ့ ရောမွှေပြီး အသားပတ်တဲ့နေရာ၊ အသားခြောက်တဲ့နေရာကို ပွတ်လိမ်းပေးပါ။ ဒီနည်းလမ်းကတော့ Tea Tree Oil ရဲ့ Anti-inflammatory ကြောင့် အသားပတ်တာ သက်သာစေပြီး အသားအရေချောမွေ့စေပါတယ်။

ပျားရည်

ဒီနည်းလမ်းကတော့ မျက်နှာမှာအသားပတ်ရင် ခုနကလို Oil တွေနဲ့ မတည့်တဲ့သူတွေအတွက် အဆင်ပြေပါတယ်။ ပျားရည်ကိုယူပြီး အသားပတ်တဲ့နေရာကို တိုက်ရိုက်လိမ်းပေးပါ။ မိနစ် ၃၀ ထားပြီးမှ ရေနဲ့ပြန်သန့်စင်ပါ။ ပြီးရင် မျက်နှာကို Moisturizer ပြန်လိမ်းထားပေးပါ။

သံလွင်ဆီ

သံလွင်ဆီကို အသားပတ်တဲ့နေရာမှာ တိုက်ရိုက်ပွတ်လိမ်းပေးရင် အသားပတ်တာ၊ အသားခြောက်တာ သိသိသာသာ သက်သာပျောက်ကင်းစေပါတယ်။ အသားခြောက်တဲ့သူတွေဆိုရင် Lotion နဲ့ရောပြီး လိမ်းပေးရင် အသားအရေစိုပြည်စေပါတယ်။

နနွင်းမှုန့်နဲ့ဒိန်ချဉ်

ဒါကလည်း မျက်နှာအသားပတ်တဲ့အခါ Oil လိမ်းဖို့ အဆင်မပြေတဲ့သူတွေအတွက်ပါ။ နနွင်းမှုန့်နဲ့ ဒိန်ချဉ်ကို ပျစ်ပျစ်လေးဖြစ်အောင် ဆတူရောမွှေပြီး အသားပတ်တဲ့နေရာတွေကိုသာ လိမ်းပေးပါ။ မျက်နှာဆို တစ်ပြင်လုံးလိမ်းလိုက်ပါ။ ပြီးရင် မိနစ် ၃၀ ထားပြီး မျက်နှာသစ်ပါ။ ပြီးရင်တော့ Moisturizer ပြန်လိမ်းပေးဖို့ မမေ့ပါနဲ့။