ဗိုက်မှာရှိတဲ့အဆီတွေလည်း ကျချင်တယ်၊ လေ့ကျင့်ခန်းလုပ်ဖို့အတွက်လည်း အချိန်မပေးနိုင်ဘူးဆိုတဲ့သူတွေအတွက် ဗိုက်မှာရှိတဲ့အဆီတွေကို အမြန်ဆုံးကျသွားအောင် လုပ်ပေးနိုင်မယ့် လွယ်ကူသောလေ့ကျင့်ခန်း ၅ မျိုးကို မျှဝေပေးလိုက်ပါတယ်။

Flutter kicks

ကြမ်းမှာလှဲပြီး လက်ဖဝါးနှစ်ဖက်ကို တင်ပါးအောက်ထဲထည့်ထားပါ။ ခေါင်းနဲ့ ခန္ဓာကိုယ်အားလုံးကို ကြမ်းမှာကပ်ထားပါ။ ခြေထောက်ကိုပဲ တစ်ဖက်ချင်းစီ မြှောက်လိုက် ပြန်ချလိုက်နဲ့ လုပ်ပေးရပါမယ်။ ၁၅ ကြိမ်လုပ်ပြီး ခဏရပ်၊ ပြီးရင် ၁၅ ကြိမ် ထပ်လုပ်ပါ။ အဲ့လိုပဲ တစ်လှည့်စီ အချိန် ၅ မိနစ်ပြည့်အောင် လုပ်ပေးပါ။

Reverse crunches

ကြမ်းမှာလှဲပြီး လက်နှစ်ဖက်ကိုဘေးချထားပါ။ ခြေထောက်ကို ၉၀ ဒီဂရီမြှောက်ထားပါ။ ပြီးရင် တင်ပါးကိုကြွပြီး အပေါ်ကိုမြှောက်ပါ။ ပြီးရင် ၉၀ ဒီဂရီပြန်ထားပါ။ အဲ့အတိုင်း ၁၅ ကြိမ်ပြည့်အောင် ဆက်တိုက်လုပ်ပေးပါ။ ၁၅ ကြိမ်ပြည့်ရင် ခဏရပ်ပြီး ၁၅ ကြိမ် ဆက်တိုက်ထပ်လုပ်ပါ။ အချိန် ၅ မိနစ် မပြည့်မချင်း လုပ်နေပေးပါ။

Lunges with front kicks

ခြေထောက်တစ်ဖက်ကိုကွေးပြီး နောက်ခြေထောက်တစ်ဖက်က ပထမပုံထဲကလို အနောက်ကိုဆန့်ထုတ်ပြီး ကွေးထားပါ။ ပြီးရင် ဒုတိယပုံထဲကလို အနောက်ဆန့်ထုတ်ထားတဲ့ ခြေထောက်က အရှေ့ကိုကန်ပေးပါ။ ပြီးရင် ပထမပုံထဲကလို ပြန်နေပါ။ အဲ့အတိုင်း တစ်လှည့်စီ ၁၅ ကြိမ် ဆက်တိုက်လုပ်ပြီး ခဏရပ်ပါ။ ပြီးရင် ၁၅ ကြိမ် ထပ်လုပ်ပါ။ သူ့ကိုလည်း အချိန် ၅ မိနစ် မပြည့်မချင်း လုပ်ရပါမယ်။ အချိန်ပြည့်ရင် ဘယ်၊ ညာပြောင်းပြီး ထပ်လုပ်ပါ။

Mountain climbers

လက်ဖဝါးနှစ်ဖက်ကိုထောက်ပြီး ခြေထောက်နှစ်ဖက်ကိုလည်း အနောက်ကို ဆန့်ထုတ်ထားပါ။ ပြီးရင်တော့ တောင်တက်သလို ဘယ်ခြေထောက်ကိုကွေးလိုက်၊ ညာခြေထောက်ကိုကွေးလိုက်နဲ့ တစ်လှည့်စီ ဆက်တိုက် ၁၅ ကြိမ် လုပ်ရပါမယ်။ ၁၅ ကြိမ်ပြည့်ရင် ခဏရပ်ပြီး ၁၅ ကြိမ် ဆက်တိုက်ထပ်လုပ်ပါ။ အဲ့အတိုင်း ၅ မိနစ်ပြည့်အောင် လုပ်ပေးပါ။

Bicycles

ပုံမှာပြထားတဲ့အတိုင်း လက်နှစ်ဖက်ကို ခေါင်းနောက်မှာထားပြီး ညာဘက်ကိုလှည့်တဲ့အချိန်မှာ ညာခြေထောက်ကိုကွေးပါ။ ခေါင်းက ဘယ်ဘက်ကိုလှည့်တဲ့အချိန်မှာ ဘယ်ခြေထောက်ကို ကွေးပါ။ အဲ့အတိုင်း ဘယ်ညာ တစ်လှည့်စီ ဆက်တိုက်လုပ်ပေးပါ။ အပေါ်မှာလိုပဲ ၁၅ ကြိမ်ပြည့်ရင် ခဏရပ် ၁၅ ကြိမ်ထပ်လုပ်၊ ၅ မိနစ်ပြည့်အောင် လုပ်ပေးရမှာပါပဲ။

source:www.brightside.me