ဗိုက်ခေါက်ထွက်နေတယ်ဆိုရင် စိတ်ညစ်မနေပါနဲ့။ လေ့ကျင့်ခန်းလုပ်ပါ။ လေ့ကျင့်ခန်းလုပ်တာက နည်းနည်းတော့ပင်ပန်းပေမယ့် ကြိုးစားသလောက် အရာထင်ပါတယ်။ ဒါကြောင့် ဗိုက်ခေါက်ထွက်နေတဲ့သူတွေ၊ ဗိုက်အဆီများလို့ စိတ်ညစ်နေတဲ့သူတွေအတွက် အိမ်မှာ အလွယ်တကူလုပ်လို့ရမယ့် လေ့ကျင့်ခန်း ၅ ခုကို မျှဝေပေးလိုက်ပါတယ်။

Mountain Climbers

လက်ဖဝါးနှစ်ဖက်ကိုထောက်ပြီး ဘယ်ခြေထောက်ကိုဆန့်၊ ညာခြေထောက်ကိုကွေးပါ။ ပြီးရင် ညာခြေထောက်ကိုဆန့်၊ ဘယ်ခြေထောက်ကိုကွေးပါ။ အဲ့အတိုင်းတောင်တက်သလိုမျိုး ဆက်တိုက်လုပ်ပေးရမှာ ဖြစ်ပါတယ်။ အကြိမ် ၃၀ လုပ်ပေးရမှာပါ။

Flutter Kicks

လက်နှစ်ဖက်ကို ကြမ်းမှာကပ်ထားပြီး ခြေထောက်ကိုပဲ တစ်ဖက်ချင်းစီ မြှောက်လိုက် ပြန်ချလိုက်နဲ့ လုပ်ပေးရပါမယ်။ ၁၅ ကြိမ် ဆက်တိုက်လုပ်ပြီး ခဏရပ်၊ ပြီးရင် ၁၅ ကြိမ် ဆက်တိုက်ထပ်လုပ်ပါ။ စုစုပေါင်း ၁၅ ကြိမ်ကို ၂ ခေါက်၊ ၃ ခေါက်လောက် လုပ်ပေးပါ။

Reverse Crunches

ကြမ်းမှာလှဲပြီး လက်နှစ်ဖက်ကိုဘေးချထားပါ။ ခြေထောက်ကို ၉၀ ဒီဂရီမြှောက်ထားပါ။ ပြီးရင် တင်ပါးကိုကြွပြီး အပေါ်ကိုမြှောက်ပါ။ ပြီးရင် ခြေထောက်ကို ၉၀ ဒီဂရီပြန်ထားပါ။ အဲ့အတိုင်း ၁၅ ကြိမ်ပြည့်အောင် ဆက်တိုက်လုပ်ပေးပါ။ ၁၅ ကြိမ်ပြည့်ရင် ခဏရပ်ပြီး ၁၅ ကြိမ် ဆက်တိုက်ထပ်လုပ်ပေးပါ။

Bicycles

လက်နှစ်ဖက်ကို ခေါင်းနောက်မှာထားပြီး ပုံမှာလုပ်ပြထားတဲ့အတိုင်း ဘယ်ခြေထောက်ကွေးပြီး ဘယ်လှည့်လိုက်၊ ညာခြေထောက်ကွေးပြီး ညာလှည့်လိုက်နဲ့ ဆက်တိုက် လုပ်ပေးပါ။ အနည်းဆုံး အကြိမ် ၃၀ လုပ်ပေးရပါမယ်။

Lunges with Front Kicks

ပထမပုံထဲကလိုအနေအထားနဲ့ အရင်နေပါ။ ပြီးမှ ဒုတိယပုံထဲကလို မတ်တပ်ရပ်ကာ ခြေထောက်တစ်ဖက်ကို ကန်သလိုမျိုး ဆန့်ထုတ်ပြီးမြှောက်လိုက်ပါ။ အဲ့အတိုင်း အနေအထားနှစ်မျိုးကို ဆက်တိုက် အကြိမ် ၃၀ လုပ်ပေးရမှာပါ။ ဘယ်ညာတစ်လှည့်စီ တစ်ဖက်ကို အကြိမ် ၃၀ စီ လုပ်ပေးရင် ရပါပြီ။