ညဘက်အိပ်မပျော်တဲ့အခါမျိုးမှာ နှစ်နှစ်ခြိုက်ခြိုက်နဲ့ အမြန်ဆုံးအိပ်ပျော်သွားအောင် ဒီလေ့ကျင့်ခန်း ၅ ခုကို လုပ်ကြည့်ပါ။ အလွယ်ကူဆုံးလေ့ကျင့်ခန်းတွေဖြစ်တာကြောင့် ညဘက်အိပ်မပျော်ရင် Try ကြည့်သင့်ပါတယ်။

ကြမ်းပြင်မှာလှဲပြီး ခြေထောက်နှစ်ဖက်ကို နံရံမှာကပ်ထောင်ထားပါ။ လက်နှစ်ဖက်ကို ဘေးချပြီး ဆန့်ထားလိုက်ပါ။ အဲ့ပုံစံအတိုင်း ၅ မိနစ် (သို့) ၁၀ မိနစ် ပြည့်အောင် နေပေးရပါမယ်။ ဒီလေ့ကျင့်ခန်းကတော့ သွေးလည်ပတ်မှု၊ သွေးစီးဆင်းမှုကောင်းမွန်စေပြီး နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်စေပါတယ်။

ကြမ်းပြင်မှာလှဲပြီး ဒူးကိုကွေးကာ ခြေဖဝါးနှစ်ဖက်ကို ပုံမှာပြထားတဲ့အတိုင်း ပူးထားလိုက်ပါ။ အဲ့အတိုင်း ၃ မိနစ်လောက်နေပေးရပါမယ်။ ဒီလေ့ကျင့်ခန်းကိုလုပ်ပေးခြင်းက သွေးလည်ပတ်မှုကောင်းမွန်စေပြီး ခေါင်းကိုက်တာ၊ ခေါင်းမကြည်တာတွေကို သက်သာစေတယ်။ နှစ်နှစ်ခြိုက်ခြိုက်လည်း အိပ်ပျော်စေပါတယ်။

ကြမ်းပြင်မှာလှဲပြီး ခြေထောက်ကို ပုံမှာပြထားတဲ့အတိုင်းလုပ်ပြီး လက်နှစ်ဖက်က ခြေဖဝါးနှစ်ဖက်ကို ဆုပ်ကိုင်ထားပါ။ အဲ့အတိုင်း ၂ မိနစ်နေပေးရပါမယ်။ ဒီလေ့ကျင့်ခန်းကတော့ နောက်ကျောနာတာ၊ ခါးနာတာတွေသက်သာစေပြီး ခန္ဓာကိုယ် Relax ဖြစ်စေပါတယ်။ ဒါကြောင့် နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်စေဖို့လည်း ကူညီပေးပါတယ်။

ခြေထောက်နှစ်ဖက်ကို တတ်နိုင်သလောက် အပေါ်ကိုတန်းနေအောင်မြှောက်ပြီး ပုံမှာပြထားတဲ့အတိုင်း လက်နှစ်ဖက်က ခြေသလုံးကိုကိုင်ထားပါ။ အဲ့အတိုင်း စက္ကန့် ၆၀ နေပေးရပါမယ်။ ဒီလေ့ကျင့်ခန်းကတော့ တင်းနေတဲ့ပခုံးကြောတွေပြေလျော့စေပြီး အိပ်လို့ပိုကောင်းစေပါတယ်။

တင်ပါးကနေ ခြေထောက်အထိ တပြေးထဲဖြစ်ပြီး ဆန့်တန်းနေရပါမယ်။ တင်ပါးအောက်ကို လက်ဖဝါးနှစ်ဖက်ထည့်ထားပြီး ပုံမှာပြထားတဲ့အတိုင်း ခါးကိုကော့၊ ခေါင်းကိုမော့ပြီးနေရပါမယ်။ အဲ့အတိုင်း စက္ကန့် ၆၀ နေပေးရပါမယ်။ ဒီလေ့ကျင့်ခန်းကတော့ သွေးလည်ပတ်မှုကောင်းမွန်စေပြီး melatonin နဲ့ hormone ထုတ်မှုအားကောင်းစေတဲ့အတွက် ကောင်းမွန်စွာနဲ့အိပ်ပျော်စေပါတယ်။