အပျင်းကြီးပေမယ့်လည်း လေ့ကျင့်ခန်းတော့ လုပ်ချင်တယ်ဆိုတဲ့သူတွေအတွက် တစ်နေရာထဲမှာ အေးဆေးလုပ်လို့ရတဲ့ လေ့ကျင့်ခန်း ၅ ခုကို မျှဝေပေးလိုက်ပါတယ်။ အညောင်းအညာပြေပြီး ခန္ဓာကိုယ် ပေါ့ပါးကာ စိတ်လည်း Relax ဖြစ်စေတဲ့ လွယ်လွယ်ကူကူ လေ့ကျင့်ခန်းတွေဖြစ်လို့ လုပ်ရတာလည်း အရမ်းအဆင်ပြေပါတယ်။

လေ့ကျင့်ခန်း ၁

ပုံမှာလုပ်ပြထားတဲ့အတိုင်း စက္ကန့် ၃၀ နေပြီး အသက်ကိုရှူသွင်းရှူထုတ် ပုံမှန်လုပ်ပေးပါ။ ပြီးရင် ဘယ်ညာပြောင်းပြီး နောက်ထပ် စက္ကန့် ၃၀ အဲ့အတိုင်း ထပ်နေပေးပါ။ ခြေထောက်အနေအထား၊ လက်အနေအထားနဲ့ ခေါင်းထားတဲ့ပုံစံ မှန်ရပါမယ်။

လေ့ကျင့်ခန်း ၂

ပုံမှာလုပ်ပြထားတဲ့အတိုင်း လုပ်ပေးရမှာပါ။ ကွေးထားတဲ့ခြေထောက် အနေအထားက ၉၀ ဒီဂရီ ဖြစ်နေရပါမယ်။ အဲ့အတိုင်း စက္ကန့် ၃၀ မှ ၂ မိနစ်အထိ ကိုယ်အဆင်ပြေသလောက် နေပေးပါ။ အချိန်ပြည့်ရင် ဘယ်ညာပြောင်းပြီး အဲ့အတိုင်းပဲ ထပ်လုပ်ပေးပါ။

လေ့ကျင့်ခန်း ၃

လှဲပြီးတော့ လက်ကိုကွေးကာ ခေါင်းအောက်မှာထားပါ။ နောက်လက်တစ်ဖက်က ပုံမှာလုပ်ပြထားသလို ကွေးထားတဲ့ခြေထောက်ကို ကိုင်ထားရပါမယ်။ အဲ့အတိုင်း ၂ မိနစ်နေပြီး အသက်ရှူသွင်းရှူထုတ် လုပ်ပေးပါ။ အချိန်ပြည့်ရင် ဘယ်ညာပြောင်းပြီး ထပ်နေပေးပါ။

လေ့ကျင့်ခန်း ၄

ပုံမှာလုပ်ပြထားတဲ့အနေအထားအတိုင်း တူအောင်လို့ လုပ်ပေးပါ။ အဲ့အတိုင်း ၁ မိနစ်နေပေးရင် ရပါပြီ။ အညောင်းအညာပြေပြီး ခါးနာတာပါ သက်သာစေတဲ့ လေ့ကျင့်ခန်းပါ။

လေ့ကျင့်ခန်း ၅

ပုံမှာလုပ်ပြထားသလို ခါးကိုလိမ်ပြီး နေပေးရမှာပါ။ ခြေထောက်နဲ့ လက်ကိုလည်း ပုံထဲကလိုပဲ လုပ်ပေးပါ။ ခေါင်းကတော့ တည့်တည့်ပဲထားပေးပါ။ အဲ့အတိုင်းနေပြီး အသက်ကိုရှူသွင်းရှူထုတ် ပုံမှန်လုပ်ပေးပါ။ မိနစ်အနည်းငယ် ကိုယ်အဆင်ပြေသလောက် နေပေးလို့ရပါတယ်။