ဗိုက်မှာလည်း အဆီတွေများနေတယ်၊ လေ့ကျင့်ခန်းလုပ်ဖို့ကလည်း သိပ်ပြီး အချိန်မပေးနိုင်ဘူး၊ ဒါပေမယ့် ဗိုက်အဆီတော့ကျချင်တယ်ဆိုတဲ့ Busy Women တွေအတွက် ဗိုက်အဆီကျစေဖို့ လွယ်ကူတဲ့လေ့ကျင့်ခန်း ၅ ခုကို မျှဝေပေးလိုက်ပါတယ်။

လေ့ကျင့်ခန်း ၁

ခုံမှာထိုင်ပြီး လက်နှစ်ဖက်က ခုံကိုသေချာကိုင်ထားပါ။ ကျောအနောက်မှီထားပါ။ ပြီးရင် ခြေထောက်ကို ကွေးလိုက်၊ ဆန့်ထုတ်လိုက်နဲ့ လုပ်ပေးရမှာ ဖြစ်ပါတယ်။ အကြိမ် ၂၀ လုပ်ပြီး ခဏနား၊ ပြီးရင် ထပ်လုပ်ပါ။ စုစုပေါင်း အကြိမ် ၆၀ ဖြစ်ပါတယ်။ စစချင်းမှာ သိပ်မလုပ်နိုင်ရင် အကြိမ် ၃၀ ပဲ လုပ်ပေးပါ။

လေ့ကျင့်ခန်း ၂

ဘေးတစ်စောင်းအနေအထားနဲ့ ခုံပေါ်နေရမှာပါ။ လက်တစ်ဖက်က ကြမ်းကိုထောက်ထားပြီး နောက်လက်တစ်ဖက်က ခေါင်းနောက်မှာထားပါ။ အဲ့အနေအထားနဲ့ ခြေထောက်နှစ်ဖက်ကိုစုပြီး မြှောက်လိုက်၊ ပြန်ချလိုက်နဲ့ လုပ်ပေးရမှာ ဖြစ်ပါတယ်။ ဘယ်ညာတစ်လှည့်စီ တစ်ဖက်ကို အကြိမ် ၃၀ လုပ်ပေးပါ။

လေ့ကျင့်ခန်း ၃

လက်နှစ်ဖက်ကို ကြမ်းမှာကပ်ထားပြီး ပုံမှာလုပ်ပြထားသလို ခြေထောက်နှစ်ဖက်ကို အပေါ်မြှောက်လိုက်၊ အောက်ပြန်ချလိုက်နဲ့ အကြိမ် ၆၀ လုပ်ပေးရမှာပါ။ အကြိမ် ၂၀ စီ ခွဲလုပ်ပြီး နားလို့ရပါတယ်။ မြှောက်တဲ့အခါမှာ ခါးကနေစပြီး မြှောက်ရမျာပါ။ ဒါမှဗိုက်ကို ထိရောက်မှာပါ။

လေ့ကျင့်ခန်း ၄

ပုံမှာလုပ်ပြထားသလို အနေအထားနဲ့နေပြီး ဖြေးဖြေးချင်းစီ အနောက်ပြန်ဆုတ်၊ ခြေထောက်ပြန်ဆန့်၊ ပြီးရင် အဲ့အတိုင်းပြန်နေပါ။ ဆက်တိုက် အကြိမ် ၃၀ လုပ်ပေးရမှာ ဖြစ်ပါတယ်။ တစ်ခါလုပ်ရင် ၁၀ ကြိမ်ဆက်တိုက်လုပ်ပြီး ခဏရပ် ပြီးမှ ပြန်လုပ်ပါ။

လေ့ကျင့်ခန်း ၅

နောက်ဆုံးလေ့ကျင့်ခန်းကတော့ ပထမပုံမှာလုပ်ပြထားသလို စပြီးနေပေးပါ။ ပြီးရင် လက်ကိုဘယ်ပို့လိုက်၊ ညာပို့လိုက် လုပ်ရမှာပါ။ အနေအထား ၃ မျိုးလုံးပြီးမှ တစ်ကြိမ်လို့ သတ်မှတ်ရပါမယ်။ ခြေထောက်ကို လုံးဝအောက်မချပဲ အဲ့အတိုင်းထားပေးရမှာပါ။ အနည်းဆုံး အကြိမ် ၂၀ မှစပြီး ကိုယ်လုပ်နိုင်သလောက် လုပ်ပေးလို့ရပါတယ်။