မျက်ခုံးမွှေးမရှိလို့ စိတ်ညစ်နေတဲ့သူတွေနဲ့ မျက်ခုံးမွှေးထူချင်တဲ့သူတွေအတွက် မျက်ခုံးမွှေးထူလာစေဖို့ ကူညီပေးမယ့် အလွယ်ဆုံးနဲ့ အရိုးရှင်းဆုံးသော နည်းလမ်း ၅ မျိုးကို မျှဝေပေးလိုက်ပါတယ်။

Vitamin E

Vitamin E capsule ကို ညှစ်ချပြီး ညတိုင်း မျက်ခုံးမှာ ပွတ်လိမ်းပေးမယ်ဆိုရင် မျက်ခုံးမွှေးထူပြီး သန်လာစေပါတယ်။ မျက်ခုံးမွှေးလည်း ရှည်လာစေပါတယ်။ ဒါပေမယ့် ညတိုင်း ပုံမှန်လုပ်ပေးဖို့တော့ လိုပါတယ်။

အုန်းဆီ

အုန်းဆီကလည်း Vitamin E လိုပါပဲ။ ညတိုင်း မျက်ခုံးမှာ ပွတ်လိမ်းပေးမယ်ဆိုရင် မျက်ခုံးမွှေးထူပြီး သန်လာစေပါတယ်။ ညတိုင်းလိမ်းပေးရမှာပါ။ Vitamin E မရှိရင် အုန်းဆီလိမ်းပေးပါ။

Petroleum jelly

Petroleum jelly ရှိရင် လက်ချောင်းလေးတွေနဲ့ယူပြီး မျက်ခုံးမှာ ပွတ်လိမ်းပေးပါ။ တစ်ညထားပြီး မနက်ရောက်မှ ရေကြက်သီးနွေးလေးနဲ့ ပြန်သန့်စင်ပေးပါ။ ဒီနည်းလမ်းကို နေ့တိုင်းလုပ်ပေးရင်လည်း မျက်ခုံးမွှေးထူပြီး သန်လာစေပါတယ်။

ရှားစောင်းလက်ပတ်

ရှားစောင်းလက်ပတ်အပင်ရဲ့ အတွင်းအသား ဂျယ်လ်ကို ခြစ်ယူပြီး မျက်ခုံးမှာ ပွတ်လိမ်းကာ ၁၅ မိနစ်လောက် massage လုပ် နှိပ်နယ်ပေးပါ။ ပြီးရင် မိနစ် ၃၀ ထားမှ ရေနဲ့ပြန်သန့်စင်လိုက်ပါ။ ဒီနည်းလမ်းကို လုပ်မယ်ဆိုရင်တော့ တစ်နေ့ကို ၂ ကြိမ်၊ ၃ ကြိမ် လုပ်ပေးပါ။ သိသိသာသာ မျက်ခုံးမွှေးထူလာစေပါတယ်။

ကြက်သွန်နီအရည်

ကြက်သွန်နီကိုထောင်ပြီး အရည်ရအောင်ညှစ်ချ၊ ရလာတဲ့အရည်ကို ဆံပင်လိမ်းပေးရင် ဆံပင်သန်စွမ်းစေသလိုပဲ မျက်ခုံးမွှေးကို လိမ်းပေးရင်လည်း မျက်ခုံးမွှေးသန်စေတယ်၊ ထူလာစေပါတယ်။ တစ်နာရီခွဲလောက် လိမ်းထားပြီးမှ သံပယိုရည်ကို ဂွမ်းဖတ်လေးနဲ့ယူပြီး မျက်ခုံးကို ပြန်ပွတ်ပေးပါ။ ပြီးရင်တော့ ရေနဲ့ပြန်သန့်စင်လိုက်ရုံပါပဲ။