လေ့ကျင့်ခန်းလုပ်တာက အလှအပတစ်ခုထဲအတွက် မဟုတ်ပါဘူး။ ကျန်းမာရေးအတွက်လည်း အရေးပါပါတယ်။ အသက်ကြီးလာတာနဲ့အမျှ ကျန်းမာရေးအတွက်ရော၊ အဝလွန်တာမျိုးတွေ မဖြစ်ဖို့အတွက်ရော၊ အရိုးအဆစ်နဲ့ ကြွက်သားတွေ သန်မာဖို့အတွက်ရော လေ့ကျင့်ခန်း ပိုတောင်လုပ်ပေးသင့်ပါသေးတယ်။ ဒါကြောင့် အသက် ၄၀ ကျော်လာတဲ့ အမျိုးသမီးများ နေ့စဉ်လုပ်ပေးသင့်တဲ့ လွယ်ကူပြီး ထိရောက်သော လေ့ကျင့်ခန်း ၅ မျိုးကို ဖော်ပြပေးလိုက်ပါတယ်။

Elliptical Machine နဲ့ Train ပေးပါ

အိမ်မှာပဲဖြစ်ဖြစ်၊ Gym မှာပဲဖြစ်ဖြစ် Elliptical Machine နဲ့ Train ပေးခြင်းက အသက် ၄၀ ကျော် အမျိုးသမီးများအတွက် နှလုံးကျန်းမာရေး ပိုကောင်းလာစေပါတယ်။ တစ်နေ့ကို အနည်းဆုံး မိနစ် ၃၀ လုပ်ပေးပြီး တစ်ပတ်မှာ ၃ ကြိမ်လောက်ပဲ လုပ်ပေးရင် ရပါပြီ။

လမ်းလျှောက်ပါ

လမ်းလျှောက်တာကတော့ အရိုးရှင်းဆုံးနဲ့ အကောင်းဆုံး လေ့ကျင့်ခန်းပါပဲ။ ဝိတ်ထိန်းပေးပြီး သက်လုံကောင်းစေမယ်၊ ကျန်းမာရေး ပိုကောင်းလာစေမယ်၊ စိတ်ခံစားမှု ပိုကောင်းလာစေပါတယ်။ နေ့တိုင်း တစ်နေ့ကို နာရီဝက်၊ တစ်နာရီလောက် လမ်းလျှောက်ပေးသင့်ပါတယ်။

Plank ထောက်ပါ

Plank ထောက်ပေးခြင်းက ကြွက်သားတွေပိုကျန်းမာစေပြီး ခါးနာတာ သက်သာစေတယ်၊ အဆီကျစေပါယ်။ စစလုပ်ချင်းမှာ အကြာကြီးမလုပ်နိုင်ရင် စက္ကန့် ၃၀ ရအောင်တော့လုပ်ပါ။ စက္ကန့် ၃၀ လုပ်ပြီး ခဏရပ် ပြီးရင် ပြန်လုပ်ပါ။ စုစုပေါင်း ၅ ကြိမ်လုပ်ပေးပါ။ လုပ်နိုင်ရင်တော့ စက္ကန့် ၆၀ နေပြီးမှ ခဏရပ်၊ ပြန်လုပ်ပါ။ စက္ကန့် ၆၀ လုပ်မယ်ဆိုရင် ၃ ကြိမ်လုပ်ရပါမယ်။

Squats ထိုင်ပါ

Squats ထိုင်တာက တင်ထွက်ဖို့အတွက်ပဲ မဟုတ်ပါဘူး။ ခါးနာတာ သက်သာစေမယ်၊ ခြေထောက်ကြွက်သားတွေ ပိုတောင့်ပြီး ပိုကောင်းလာပါမယ်။ အကြိမ် ၃၀ လုပ်ပေးရင် ရပါပြီ။

Cardio

ပုံမှာပြထားတဲ့အတိုင်း အရင်ဆုံး မတ်တပ်ရပ်၊ ပြီးရင် ဒုတိယပုံထဲကို ဒူးကွေးပြီး လက်ထောက်၊ ပြီးရင် တတိယပုံထဲကလို ခြေထောက်ဆန့်၊ ပြီးရင် ဒူးကွေးပြီး လက်ထောက်၊ ပြီးရင် လက်မြှောက်ပြီး ခုန်ပါ။ ၅ ဆင့်လုံးကို ဆက်တိုက် အမြန်လုပ်သွားရမှာ ဖြစ်ပါတယ်။ ၅ ကြိမ်လုပ်ပေးရင် ရပါပြီ။