Stress များနေရင် ယောဂကျင့်ရတယ်ဆိုပေမယ့် တချို့ကျတော့ ယောဂကျင့်ရမှာကို ပျင်းနေကြတဲ့သူတွေ အများကြီးရှိပါတယ်။ ဒီလို အပျင်းကြီးတဲ့သူတွေအတွက် Stress တွေပျောက်စေဖို့ကူညီပေးမယ့် အလွယ်ကူဆုံးသော ယောဂကျင့်စဉ် 5 မျိုးကို မျှဝေပေးလိုက်ပါတယ်။

1. Reclining Bound Angle Pose

ကြမ်းမှာလှဲပြီး ပုံမှာလုပ်ပြထားသလို လက်နှစ်ဖက်ကို နည်းနည်းကားထားပါ။ ခြေထောက်ကိုကွေးပြီး ခြေဖဝါးနှစ်ဖက်ကို ကပ်ထားပါ။ အဲ့အတိုင်းနေပြီး ဘာမှမတွေးပဲ အသက်ရှူသွင်းရှူထုတ် လုပ်နေတဲ့ဆီကိုပဲ စိတ်နှစ်ထားပါ။ အသက်ကို ရှိုက်ပြီးှရှူလိုက်၊ ခပ်ပြင်းပြင်းပြန်ထုတ်လိုက်နဲ့ အကြိမ် 30 လုပ်ပေးပါ။

2. Seated Forward Bend

ခြေထောက်နှစ်ဖက်ကို စုပြီးဆင်းထားပါ။ အရှေ့ကိုကုန်းပြီး နဖူးကို ဒူးနဲ့ထိနိုင်အောင် ကြိုးစားပြီးလုပ်ကြည့်ပါ။ အဲ့အတိုင်း စက္ကန့် 30 နေပြီးရင် ခါးပြန်မတ်ပါ။ ပြီးရင် ပြန်လုပ်ပါ။ အဲ့အတိုင်း 10 ကြိမ်လောက် လုပ်ပေးပါ။ တစ်ခါလုပ်ရင် နေရမှာက စက္ကန့် 30 ဖြစ်ပါတယ်။

3. Sun Salutation A

ခြေထောက်နှစ်ဖက်ကို နည်းနည်းကားပြီး လက်နှစ်ဖက်ကို အပေါ်မြှောက်ကာ ခေါင်းကိုနည်းနည်းမော့ပါ။ ပြီးရင် ခန္ဓာကိုယ်နဲ့ လက်ကို အောင်ငုံ့ချပါ။ ပြီးရင် ခန္ဓာကိုယ်ကို ပြန်မတ်ပါ။ ပြီးရင် လက်နှစ်ဖက် အပေါ်မြှောက်ပြီး ထပ်လုပ်ပါ။ အဲ့အတိုင်း Position 3 မျိုးကို လုပ်ပြီးတော့မှ 1 ကြိမ်လို့ သတ်မှတ်ရပါမယ်။ စုစုပေါင်း 10 ကြိမ် လုပ်ပေးပါ။

4. Half Pigeon Lying Down

ပုံမှာလုပ်ပြထားတဲ့အတိုင်း စက္ကန့် 30 နေပြီး အသက်ကို ရှူသွင်းရှူထုတ် ပုံမှန်လုပ်ပေးပါ။ အချိန်ပြည့်ရင် ခြေထောက်ပြန်ချ၊ ပြီးရင် ပုံထဲကအတိုင်း ပြန်လုပ်ပါ။ အဲ့အတိုင်း ခြေထောက်အနေအထားကို ဘယ်ညာတစ်လှည့်စီပြောင်းပြီး တစ်ဖက်ကို အနည်းဆုံး 5 ကြိမ်လုပ်ရပါမယ်။ တစ်ခါလုပ်ရင် အဲ့အနေအထားနဲ့ စက္ကန့် 30 နေရမှာ ဖြစ်ပါတယ်။

5. Legs up the Wall

နောက်ဆုံးယောဂကလည်း အရမ်းလွယ်ပါတယ်။ လက်နှစ်ဖက်ကိုကား၊ ခြေထောက်နှစ်ဖက်ကို နံရံမှာကပ်ပြီး မြှောက်ထားပါ။ အဲ့အတိုင်း 1 မိနစ်နေပြီး မျက်စိတ်မှတ်ကာ အသက်ကို ရှိုက်ပြီးရှူသွင်းလိုက်၊ ခပ်ပြင်းပြင်း ပြန်ထုတ်လိုက်နဲ့ လုပ်ပေးပါ။ ဘယ်ကိုမှစိတ်မရောက်ပဲ အသက်ရှူသွင်းရှူထုတ် လုပ်နေတဲ့ဆီကိုပဲ စိတ်နှစ်ထားပေးပါ။