အလှအပနဲ့ပတ်သက်ပြီး မိန်းကလေးတိုင်းအတွက် အသုံးဝင်စေမယ့် အလွယ်ကူဆုံးသော Beauty Hacks (၅) မျိုးကို ဖော်ပြပေးလိုက်ပါတယ်။

ခြေဖဝါးခြောက်နေရင်

ခြေဖဝါးတွေခြောက်သွေ့ပြီး အရေခွံကွာသလို အဖြူဖတ်တွေ လန်နေပြီဆိုရင် foot mask ကပ်ပေးပါ။ Foot mask မရှိရင် ခြေထောက်ကို ရေနွေးအရင်စိမ်၊ ပြီးမှ ဖြေဝါးကို သံပယိုရည်နဲ့ပွတ်ပြီး ပလတ်စတစ်ပတ်ထားလိုက်ပါ။ ၂ နာရီကြာမှ ခြေထောက်ပြန်ဆေးချပြီး foot cream (သို့) lotion လိမ်းလိုက်ပါ။

ကောက်စက်သုံးစရာမလိုပဲ ဆံပင်ကောက်နည်း

ခေါင်းလျှော်ပြီးရင် ဆံပင်ကို dryer မမှုတ်ပဲ သဘာဝအတိုင်း အခြောက်ခံပါ။ ပြီးရင် ဆံပင်ကို နှစ်ခြမ်းခွဲပြီး လိမ်လိုက်ပြီး ကြာကြာထားပါ။ ပြန်ဖြည်ချလိုက်ရင်တော့ ပုံမှာပြထားတဲ့အတိုင်း ဖြစ်သွားပါလိမ့်မယ်။ အဲ့ကျမှ ကောက်ဆီ (သို့) hair serum တစ်ခုခု လိမ်းလိုက်ရုံပါပဲ။

ဆံပင်နှစ်ခွတွေကို razor နဲ့ ရှင်းနည်း

ဆံပင်နှစ်ခွတွေရှိနေရင် လိမ်လိုက်ပြီး razor နဲ့ရှင်းချလိုက်ရင် လွယ်လွယ်ကူကူနဲ့ အမြန်ပြီးသွားပါလိမ့်မယ်။

တစ်မိနစ်အတွင်းမှာ မျက်တောင်တွေကော့သွားစေမယ့် နည်းလမ်း

မျက်တောင်ကော့တဲ့ညှပ် curl နဲ့ မျက်တောင်ကိုညှပ်ထားပြီး dryer ကို လေအေးပေးကာ မှုတ်ပေးပါ။ ၁ မိနစ်အတွင်းမှာတင် မျက်တောင်တွေ အရမ်းကိုကော့သွားတာ တွေ့ရပါလိမ့်မယ်။ သတိထားရမှာက ခဏခဏလုပ်လို့ မကောင်းပါဘူး။ ဆံပင်တောင်မှ dryer မှုတ်တာများရင် moisture ဆုံးရှုံးပြီး ဆံသားခြောက်စေပါတယ်။ မျက်တောင်လည်း တူတူပါပဲ။

Healthy Nails အတွက် ရှားစောင်းလက်ပတ်ကို သုံးနည်း

လက်သည်းမှာ ရှားစောင်းလက်ပတ်ကို ပွတ်လိမ်းပေးပြီး ကြာကြာထား၊ ပြီးမှ လက်ပြန်ဆေးပါ။ ဒီလို နေ့တိုင်းလုပ်ပေးမယ်ဆိုရင်တော့ လက်သည်းအတွက် လိုအပ်တဲ့ moisture ရစေပြီး လက်သည်းအရှည်မြန်စေတယ်၊ လက်သည်းသန်မာစေကာ healthy nails တွေကို ရရှိစေပါတယ်။

source:www.brightside.me