အားလုံးပဲ မင်္ဂလာပါနော်။  များသောအားဖြင့် Accessories တွေထဲမှာ နားကပ်လေးတွေက မိန်းကလေးတိုင်းနီးပါး ဝတ်ဆင်ကြသလို ကိုယ့်ရဲ့မျက်နှာအလှကို ပံ့ပိုးပေးပြီး ဆွဲဆောင်မှုတစ်မျိုးတိုးစေတဲ့ ပစ္စည်းတစ်ခုလို့ပြောလို့ရပါတယ်။ ဝတ်ရတာသက်တောင့်သက်သာရှိပြီး ကိုယ့်ဆံပင်၊ မျက်နှာအချိုးအစားတွေနဲ့လိုက်တဲ့ နားကပ်ပုံစံလေးတွေက သင့်ကိုခေတ်မှီပြီး ကျက်သရေရှိတဲ့အလှကို ပိုင်ဆိုင်စေမှာပါ။ ဒါကြောင့် ဒီတစ်ခေါက်မှာ နားကပ်လှလှလေးတွေ ဝတ်ရတာကြိုက်တဲ့ ပျိုမေတိုင်း ရှိထားသင့်တဲ့ ဘယ့်တော့မှမရိုးမယ့် နားကပ်ဒီဇိုင်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

၁။ Stud Earrings

Photo Source: lovisa

ပထမဆုံး ရှိထားသင့်တဲ့နားကပ်ပုံစံကတော့ ရှင်းရှင်းလေးနဲ့ ကျက်သရေရှိတဲ့ Stud နားကပ်အကပ်တွေပဲဖြစ်ပါတယ်။ ကျောက်တစ်လုံးလောက်ပဲပါတဲ့ ဒီလိုနားကပ်အကပ်တွေက မျက်နှာပုံစံတိုင်းနဲ့ လိုက်ဖက်တဲ့အပြင် ဝတ်ရတာလည်း အရမ်းပေါ့ပါးပါတယ်။

၂။ Hoop Earrings

ရွှေ့ရောင်၊ ငွေရောင်အမျိုးမျိုးရှိတဲ့ နားကွင်းလေးတွေကလည်း မိန်းကလေးတိုင်းအတွက် ဆွဲဆောင်မှုတိုးစေမယ့် နားကပ်ဒီဇိုင်းတစ်ခုပါပဲ။ နားကွင်းအကြီး၊ အသေး ကိုယ်ကြိုက်တာ ဝတ်နိုင်သလို လေးထောင့်မျက်နှာပုံစံရှိသူတွေနဲ့လည်း အရမ်းလိုက်ဖက်ပါတယ်။

၃။ Pearl Earrings

ဘယ်တော့မှ မရိုးသွားမယ့် နားကပ်ပုံစံတွေထဲမှာ ပုလဲနားကပ်လေးတွေလည်း အပါအဝင်ပါပဲ။ ပုလဲနားကပ်က Outfit တိုင်းနဲ့လည်း လိုက်သလို မျက်နှာလေးကို ပိုပြီးကျက်သရေရှိစေပါတယ်။ သင့်အနေနဲ့ ခပ်ရှင်းရှင်း ပုလဲနားကပ်အတို ဒါမှမဟုတ် Chain လေးတွေ ဆက်ထားတဲ့ ပုလဲနားဆွဲအရှည် စတဲ့ ကိုယ်လိုချင်တဲ့ပုံအတိုင်း ရွေးချယ်ဝတ်နိုင်ပါတယ်။

၄။ Drop Earrings

မရိုးမဆန်းတဲ့ အရှည်အနေတော် နားကပ်လေးတွေ ဝတ်ချင်ရင်တော့ ဒီလို နားကပ်အောက်ပိုင်းမှာ ကျောက်ဆွဲသီးလေးကျနေတဲ့ ဒီဇိုင်းလေးတွေက အရမ်းအဆင်ပြေပါတယ်နော်။ ဝတ်ရလည်းလွယ်သလို ကျောက်ဆွဲသီးပုံစံလေးတွေက သင့်မျက်နှာကို ပုံမှန်ထက်လင်းသွားစေမှာပါ။

၅။ Linear Dangle Earrings

Photo Source: Carat London

ဒီလိုအောက်ကို တစ်ဖြောင့်ထဲကျနေတဲ့ နားဆွဲအရှည်တွေကလည်း Classic ဆန်ပြီး မျက်နှာဝိုင်းဝိုင်းလေးတွေနဲ့လည်း လိုက်ဖက်ပါတယ်။ ထသွားထလာကနေ ပွဲတက်အထိ ဝတ်လို့ရတဲ့ ဒီဇိုင်းမျိုးဖြစ်တာကြောင့် နားဆွဲရှည်ရှည်လေးတွေ ရှိထားတာက ပျိုမေတို့အတွက် အသုံးဝင်စေမှာပါ။

Photo Source: Pinterest