ဆံသားနူးညံ့ချောမွေ့ပြီး ကောက်တာ၊ သိမ်တာတွေမရှိပဲ ဖြောင့်စင်းနေစေဖို့အတွက် hair mask သုံးတဲ့အခါမှာ လုပ်သင့်တဲ့အရာတွေနဲ့ မလုပ်သင့်တဲ့အရာ ၅ မျိုးကို ပြောပြပေးလိုက်ပါတယ်။ ဆံသားကောင်းဖို့ hair mask သုံးပြီဆိုရင်လည်း တကယ်ထိရောက်အောင် သေချာလုပ်ပေးမှ အကျိုးရှိမှာပါ။

ကိုယ့်ဆံသားနဲ့ကိုက်ညီနဲ့ hair mask ကို ရွေးသုံးပါ

Hair mask တွေကတော့ အမျိုးမျိုးရှိပါတယ်။ အဲ့ထဲကမှ ကိုယ့်ဆံသားနဲ့ ကိုက်ညီမှုရှိစေမယ့် မှန်ကန်တဲ့ hair mask ကို ရွေးသုံးပေးပါ။ hair mask ကို ကောင်းတာလေး သေချာရွေးသုံးပေးပါ။ ကိုယ့်ဆံသားနဲ့အဆင်မပြေတာမျိုး၊ quality မကောင်းတာမျိုးကို ရွေးသုံးမိရင် ဆံပင်ကျွတ်တာ၊ ဗောက်ထတာမျိုးတွေ ဖြစ်တတ်ပါတယ်။

ဆံပင်အဆီတွေများပြီးညစ်ပတ်နေတဲ့အချိန်မသုံးပါနဲ့

ခေါင်းမလျှော်ရသေးပဲ ဆံပင်ကအဆီတွေများနေတဲ့အချိန်၊ ညစ်ပတ်နေတဲ့အချိန်မှာ hair mask ကို တန်းသုံးတာမျိုး လုံးဝမလုပ်ရပါဘူး။ ဦးရေပြားနဲ့ဆံသား သန့်ရှင်းသွားအောင် ခေါင်းလျှော်ရည်နဲ့ အရင်လျှော်ပြီး ဆံပင်စိုနေတဲ့အချိန်မှာမှ hair mask ကိုသုံးပေးခြင်းက ပိုပြီး effective ဖြစ်စေပါတယ်။

ဘီးနဲ့ဖြီးပေးပါ

Hair mask သုံးပြီးတဲ့အချိန်မှာ ဘီးကြဲနဲ့ ဆံပင်ကို သေချာရှင်းပြီး ဖြီးပေးပါ။ ဒီလိုလုပ်ပေးခြင်းက ခေါင်းလျှော်ပြီးသွားရင်လည်း ဆံပင်တွေရှုပ်ထွေးမနေတော့ပဲ ဆံပင်ငြိတာ သက်သာစေပါတယ်။ hair mask သုံးပြီးရင်လည်း မိနစ် ၂၀ ထားပြီးမှ ရေဆေးချပါ။

တစ်ညမထားပါနဲ့

ဘယ်လို hair mask မျိုးကိုသုံးသုံး တစ်ညမထားရပါဘူး။ တစ်ညထားလိုက်ရင် over oily ဖြစ်ပြီး ဆံပင်က ခေါင်းလျှော်ပြီးတာတောင် ကပ်ပြီးအဆီတွေများနေသလို ဖြစ်နေပါလိမ့်မယ်။ မိနစ် ၂၀၊ မိနစ် ၃၀ ထက်တောင် ပိုမထားသင့်ပါဘူး။

တစ်ပတ် ၁ ကြိမ် (သို့) ၂ ကြိမ် လုပ်ပါ

Hair mask သုံးမယ်ဆိုရင် တစ်ပတ်မှာ ၁ ကြိမ် (သို့) ၂ ကြိမ် သုံးပေးပါ။ ဒါမှ ဆံသားက သိသိသာသာပြောင်းလဲပြီး ကောင်းလာမှာပါ။ hair mask သုံးလိုက်ရင် ဆံသားက ပျော့စင်းပြီး weight ရှိနေမှာပါ။ လိုအပ်တဲ့အဆီဓာတ်၊ အာဟာရဓာတ်ကို ဖြည့်ပေးတာဖြစ်လို့ ဆံသားတောက်ပြောင်စေပါတယ်။ ဆံသားဖွာတာ၊ ခြောက်တာတွေကိုလည်း သက်သာလာစေပါတယ်။