ဖြောင့်လိုက် ကောက်လိုက် ဆေးဆိုးလိုက်နဲ့ ဆံပင်ကို အမျိုးမျိုးလုပ်တာတွေက ဆံပင်ကို ခြောက်လာစေပါတယ်။ ဆံသားတွေက ခြောက်လွန်းတဲ့အခါ အထိမခံတော့ဘဲ ကျိုးလွယ်ပါတယ်။ ဒါကြောင့် ဆံသားအာဟာရပြည့်ဖို့နဲ့ တောက်ပြောင်တဲ့ဆံသားရဖို့ အခုပြောပြမယ့် DIY Hair Mask တွေကို မကြာမကြာ သုံးကြည့်ပါ။

ထောပတ်သီး ၁/၂ လုံး၊ ကြက်ဥ ၁ လုံး၊ အုန်းဆီ ၁ ဇွန်းနဲ့ ပျားရည် ဇွန်း ၁/၂ တို့ကို ရောမွှေပြီး ဦးရေပြားနဲ့ ဆံပင်လိမ်းပြီး နှိပ်ပေးပါ။ အနည်းဆုံး မိနစ် 30 ထားပါ။ ပြီးမှ ရေဆေးချ၊ ခေါင်းလျှော်ပြီး ပုံမှန်အတိုင်း ထားပေးပါ။

ပန်းသီးရှာလကာရည် ¼ ခွက်ကို အအေးခံထားတဲ့ ရေနွေး 1 ခွက်နဲ့ ရောလိုက်ပါ။ ပုံမှန်အတိုင်းခေါင်းလျှော်ပြီးရင် ရောထားတဲ့အရောကို ဆံပင်ပေါ် လောင်းချပြီး ဘီးနဲ့ဖြည်းဖြည်းချင်းဖြီးပါ။ ရေမဆေးပါနဲ့။

သံလွင်ဆီ ၃ ဇွန်း ၊ အုန်းနို့ ခွက်တစ်ဝက်ကို ရောထားတဲ့ Mask ကို ဦးရေပြားထဲ ထည့်ပြီး ဦးရေပြားကို နှိပ်နယ်ပေးပါ။ ပြီးရင် Shower Cap လေးနဲ့ Mask ကို 10-15 မိနစ်လောက် အုပ်ထားပြီး ခေါင်းလျှော်လိုက်ပါ။

ဆံပင်ပိုထူလာစေဖို့ ပွက်ပွက်ဆူနေတဲ့ရေ 1 ခွက်ထဲ Rosemary ¾ ခွက်နဲ့ Nettle Tea Bag ကို ထည့်ပါ။ ခနထားပြီး အိတ်တွေကို ဖယ်လိုက်ပါ။ အရည်ကို ညှစ်ပြီး အခန်းအပူချိန်မှာ အအေးခံထားပါ။ Spray ပုလင်းထဲထည့်ပြီး စိုနေတဲ့အချိန် ဆံပင်ကို ဖြန်းပေးပါ။

ထောပတ်သီး ၁ လုံး နဲ့ ကြက်ဥ ၂ လုံးကို ပျားရည် ၊ အုန်းဆီ တစ်ဇွန်းစီနဲ့ ရောမွှေပါ။ ဆံပင်အရင်းကနေ အဆုံးအထိ လိမ်းပြီး သေချာလေး နှိပ်နယ်ပေးပါ။ 15-20 မိနစ်လောက်ထားပြီးမှ ရေဆေးချပြီး ပုံမှန်ခေါင်းလျှော်လိုက်ပါ။